မန္တလေးက မြေပွဲစားတစ်ဦး စျေးဝယ်စဉ် သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံး

မန္တလေးက မြေပွဲစားတစ်ဦး စျေးဝယ်စဉ် သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံး

MFP ၊ ဩဂုတ် - ၂၂

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ မြေပွဲစားတစ်ယောက်ဟာ ဒီမနက်ပိုင်းက စက်မှုစျေးမှာ စျေးဝယ်လာစဉ် သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက်မှာနေတဲ့ အသက် (၅၀)နှစ်အရွယ် မြေပွဲစား ဦးစိုးနှင်းဟာ ၆၂ လမ်းနဲ့ ၆၃ လမ်းကြား၊ ၁၃၄ လမ်းပေါ်မှာရှိတဲ့ စက်မှုစျေးကို ဒီမနက် (၇)နာရီဝန်းကျင်က ဆိုင်ကယ်နဲ့ စျေးဝယ်ရောက်ရှိနေချိန် သေနတ်နဲ့ ပစ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ရာ ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုဟာ အဲဒီနေရာကို ရောက်ရှိစစ်ဆေးနေသလို အနီးက လက်ဖက်ရည်ဆိုင်မှာလည်း အရပ်ဝတ်တွေနဲ့ စောင့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြေပွဲစား #သေနတ်ပစ်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ