ရွှေဘို ညောင်ပင်သာရွာထဲ စစ်အုပ်စုက ယခုည စီးနင်းပစ်ခတ်နေလို ပြည်သူတွေကို ကယ်ထုတ်နေရ၊ သံဃာနှစ်ပါး ပစ်ခတ်ခံထားရပြီး တစ်ပါး စိုးရိမ်ရ၊

ရွှေဘို ညောင်ပင်သာရွာထဲ စစ်အုပ်စုက ယခုည စီးနင်းပစ်ခတ်နေလို ပြည်သူတွေကို ကယ်ထုတ်နေရ၊ သံဃာနှစ်ပါး ပစ်ခတ်ခံထားရပြီး တစ်ပါး စိုးရိမ်ရ၊

MFP၊ စက်တင်ဘာ - ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ် ညောင်ပင်သာကျေးရွာထဲကို ဒီနေ့ ညဦးပိုင်းက စတင်ကာ စစ်အုပ်စု စီးနင်းဝင်ရောက်လာပြီး တွေ့သမျှ ပြည်သူတွေကို လိုက်လံ ပစ်ခတ် သ-တ်ဖြတ်နေလို့ ဒေသခံတွေကို ညတွင်းချင်း ဘေးလွတ်ရာ ကယ်ထုတ်နေရတယ်လို့ Shwe Bo LPDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၆)ရက် ညပိုင်းမှာ စစ်အုပ်စုက ရွှေဘိုမြိုပေါ်ကနေ စစ်ကားသုံးစီးနဲ့ လာရောက်ပြီး ညောင်ပင်သာရွာနှင့် ဘိုတဲကုန်းကျေးရွာတွေထဲ စီးနင်းဝင်ရောက် ပစ်ခတ်နေကာ လတ်တလော အခြေအနေအရ သံဃာနှစ်ပါး သေနတ်ကျည် ထိမှန်ထားပြီး တစ်ပါးက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို Shwe Bo LPDF တပ်ဖွဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ညောင်ပင်သာနှင့် ဘိုတဲကုန်းရွာမှာ အိမ်ခြေ ထောင်ကျော်ရှိပြီး ယခု ည(၁၀)နာရီအထိ ဒေသခံပြည်သူ သုံးပုံတစ်ပုံခန့်သာ ကယ်ထုတ်နိုင်သေးပြီး ပြည်သူအများအပြား ရွာထဲမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"လောလောဆယ် ပြည်သူတွေကို ကယ်ထုတ်ပေးနေပါတယ်ဗျ။ ကျည်ထိထားတာက ဘုန်းကြီးနှစ်ပါး။ တစ်ပါးက ပေါင်၊ တစ်ပါးက ရင်ဘတ် စိုးရိမ်ရတယ်"လို့ Shwe Bo LPDF ရဲဘော်က ဆိုပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ ဘေးလွတ်ရာပြေးကြမယ့် ပြည်သူတွေအနေနဲ့ ဒေသကာကွယ်ရေးတပ် ဖွဲတွေရဲ့ သတိပေး တားမြစ်ချက်တွေကို လိုက်နာပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း Shwe Bo LPDF က တိုက်တွန်းထားပါတယ်။

“ညောင်ပင်သာ ပြည်သူများခင်မျာ သက်ဆိုင်ရာတွေက လွတ်မြောက်ရာတွေကို ကယ်ထုတ်ပေးနေပါသဖြင့် ဒီည အပြီး ပူးပေါင်းပါဝင် ပေးကြပါ။ ပကဖ တွေရဲ့ လုပ်ဆောင်ချက်တွေကို နောက်မှ ဝေဖန်ပါ။ ခင်များတို့ အသက်တစ်ချောင်းအတွက် ကျတော်တို မဟာမိတ်တွေအားလုံးနဲ့ ပူးပေါင်း ကယ်ထုတ်ပေးနေပါတယ်။ ညီစေပါ ပြည်သူတို့"လို့ Shwe Bo LPDF က ဆော်သြထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ရွှေဘိုနယ် ညောင်ပင်သာအုပ်စုထဲ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲတွေ တိုက်ပွဲ ဖြစ်ပွားပြီး PDF ရဲဘော်တွေအပါအဝင် ဒေသခံပြည်သူ (၁၂)ဦး ထိခိုက် ကျဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ ဒီနေ့ တနေ့တည်း ရွှေဘိုခရိုင် ရွှေဘို၊ ဒီပဲယင်းနှင့် တန့်ဆည်နယ်က ကျေးရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းပြီး ဒေသခံပြည်သူ (၁၅)ဦးထက်မနည်းကို သ-တ်-ဖြတ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ညောင်ပင်သာ #ဘိုတဲကုန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ