စစ်ကိုင်းတိုင်းက ရပ်ရွာကာကွယ်ရေး ရဲဘော်တွေကို သပိတ်ခေါင်းဆောင်တွေက နိုင်ငံရေး အသိပညာ ပို့ချ၊

စစ်ကိုင်းတိုင်းက ရပ်ရွာကာကွယ်ရေး ရဲဘော်တွေကို သပိတ်ခေါင်းဆောင်တွေက နိုင်ငံရေး အသိပညာ ပို့ချ၊

MFP ၊ သြဂုတ် - ၁၆

စစ်ကိုင်းတိုင်း၊ ကျေးရွာတစ်ရွာက ရပ်ရွာကာကွယ်ရေး - ပကဖ အဖွဲ့ဝင် ရဲဘော်တွေကို နိုင်ငံရေးအသိပညာ သင်တန်း ပို့ချပေးခဲ့တယ်လို့ မန္တလေး လူထုသပိတ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မအေးမြင့်အောင်အောင်က ပြောပါတယ်။

“ဒီတစ်ခေါက်မှာလည်း ကျနော်တို့ အဖွဲ့များကို ကျေးရွာတစ်ရွာက (ပ.က.ဖ) အဖွဲ့တစ်ဖွဲ့က လာရောက် ဖိတ်ကြားတဲ့အတွက် နိုင်ငံရေးအသိ ပို့ချခဲ့ပါတယ်။ မုံရွာသပိတ် ဦးဆောင်သူ ကိုခန့်ဝေဖြိုး ကလည်း လာရောက်ပြီး တော်လှန်ရေးမှာ စစ်ရေး၊နိုင်ငံရေး ဟန်ချက်ညီညီ တွဲသွားပုံတွေကို ဦးဆောင်ပို့ချခဲ့ပါတယ်။ အချိန်အားဖြင့် တစ်ရက်ပဲ ရတဲ့အတွက် အခြေခံ သဘောတရားလောက်ပဲ ပို့ချနိုင်ခဲ့ပါတယ်။ နောက်ပိုင်းတွေမှာ ဒီ့ထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးစားသွားကြပါမယ်ဗျို့။ အသိဉာဏ်ပညာဖြင့် တော်လှန်ကြတဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်ရပါမယ်” လို့ မအေးမြင့်အောင်အောင်က သူရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း စစ်ကိုင်းတိုင်းထဲက ဒေသကာကွယ်ရေး ရဲဘော်တွေကို နိုင်ငံရေး အသိပညာ သင်တန်းတွေ ပို့ချပေးခဲ့တယ်လို့ သပိတ်ခေါင်းဆောင် လူငယ်တွေက ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ် #ပကဖ #ရဲဘော် #လူငယ် #ရွာ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ