တကောင်းမြို့ကို အောင်မြေလာနင်းတဲ့ စကစတွေ ကားနှစ်စီးနဲ့ အပြန် မိုင်းဆွဲခံရ၊

တကောင်းမြို့ကို အောင်မြေလာနင်းတဲ့ စကစတွေ ကားနှစ်စီးနဲ့ အပြန် မိုင်းဆွဲခံရ၊

MFP ၊ စက်တင်ဘာ - ၁၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို အောင်မြေလာနင်းတဲ့ စကစတွေကို စစ်ကားနှစ်စီးနဲ့အပြန် ဆင်ညှပ်ကုန်းကျေးရွာအဝင်မှာ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ တကောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၁)ရက် မနက်ပိုင်းက တကောင်းမြို့အတွင်း စစ်ကားလေးစီးနဲ့ ဝင်ရောက်ခဲ့ပြီး ဇိနအောင်ချာ ရွှေဘုံသာစေတီ (ဦးအောင်ဇေယျ ဘုရား)မှာ အောင်မြေနင်းပြီး အပြန် နေ့လည် (၁၂)နာရီခွဲမှာ ပဒေသာမိုင်း ခြောက်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကားအသေး လေးစီးဝင်သွားတယ်။ တကောင်းကို၊အဝင်ကို မသိလိုက်ဘူး။ အထွက်မှ သိတာ။ နှစ်စီးကတော့ ဆေးရုံထဲမှာ ဝင်နေခဲ့တာပေါ့၊ နှစ်စီးကတော့ သူတို့ အောင်မြေနင်းပြီးမှ ပြန်ထွက်တာတဲ့ လူကြီးပါတယ်လို့ ပြောတယ်။ နှစ်စီးက ကျတော့ ပြန်ထွက်တဲ့အခါမှာ ဟိုနှစ်စီးက နေခဲ့တာ" လို့ တကောင်း PDF တပ်ဖွဲ့ဝင် ရဲဘော် မာမီက ပြောပါတယ်။

စစ်အုပ်စု ကားတွေကို ကြိုတင် မိုင်းဆင်ပြီး တိုက်ခိုက်ခဲ့ပေမယ့် စစ်ကားကြားထဲ ပြည်သူတွေ စီးနင်းလာတဲ့ ခရီးသည်တင်ကား ပါလာတာကြောင့် စောင့်ဆိုင်း လုပ်ဆောင်ခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ ကားတွေကို ထိခိုက်မှု နည်းနိုင်တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်အုပ်စုက ရမ်းကားပစ်ခတ် ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။‌

ဒါ့အပြင် စစ်အုပ်စုက တိုက်ခိုက်မှုအပြီး အဆိုပါနေရာတဝိုက် စစ်ဆေးရှာဖွေတာတွေ ပြုလုပ်ခဲ့ပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုကို ဦးတည်တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်မှာ ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ‌ကင်းအောင် သွားလာကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့လည်း တကောင်း PDF က သတိပေးထားပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ