စစ်ကိုင်းမှာ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး D-Day တစ်နှစ်ပြည့် စုပေါင်းချီတက်၊

စစ်ကိုင်းမှာ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး D-Day တစ်နှစ်ပြည့် စုပေါင်းချီတက်၊

MFP ၊ စက်တင်ဘာ - ၇

Photo - Pyay Kyaw ( 96 soldiers PDF )

“ငါတို့အညာ ငါတို့ပိုင်တယ်” “ငါတို့မြေအတွက် ငါတို့တိုက်မယ်” ဆိုတဲ့ ကြွေးကြော်သံတွေနှင့်အတူ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ပြည်သူ့ခုခံစစ် ဆင်နွှဲတဲ့ D-Day တစ်နှစ်ပြည့်အဖြစ် ဒီနေ့ စက်တင်ဘာ(၇)ရက်မှာ စစ်ကိုင်းမြို့နယ်ထဲက တော်လှန်ရေး အင်အားစုတွေ စုပေါင်းပြီး အင်အားပြ ချီတက်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

ချီတက်ပွဲမှာ တော်လှန်ရး အလံအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးမှာ ကျဆုံးခဲ့ရတဲ့ ရဟန်းရှင် ၊လူ ၊ ကျောင်းသား ၊ ပြည်သူများအား အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေကလည်း ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #PDF #တော်လှန်ရေးအင်အားစု #D_Day

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ