ဆောမှာ လက်နက် အပြည့်အစုံနဲ့ CDM ဝင်လာတဲ့ ရဲတပ်သားကို အခမ်းအနားနဲ့ ဂုဏ်ပြု၊ ကျပ်သိန်း(၇၀)ချီးမြှင့်

ဆောမှာ လက်နက် အပြည့်အစုံနဲ့ CDM ဝင်လာတဲ့ ရဲတပ်သားကို အခမ်းအနားနဲ့ ဂုဏ်ပြု၊ ကျပ်သိန်း(၇၀)ချီးမြှင့်

MFP ၊ စက်တင်ဘာ - ၁

မကွေးတိုင်း ဆောမြို့မ ရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက် အပြည့်အစုံနဲ့ CDM ဝင်လာတဲ့အတွက် အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပြီး ဂုဏ်ပြုငွေ ကျပ်သိန်း(၇၀)ချီးမြှင့်ခဲ့တယ်လို့ The Youth Force (Saw & Kyaukhtu) က သတင်း ထုတ်ပြန်ပါတယ်။

မနေ့က သြဂုတ်(၃၁)ရက်မှာ ဆောမြို့ ရဲစခန်းက ရဲတပ်သား ကိုဉာဏ်မင်းဟာ ဗုံးသီး လေးလုံး ၊ ကျည် (၃၀၀) တောင့် ၊ G-3 တစ်လက် ၊ ကျည်ဘောက် နှစ်ခုနဲ့ The Youth Force (Saw & Kyaukhtu) အဖွဲ့ထံ ဆက်သွယ်ခိုလှုံကာ CDM ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အဲ့ဒီ ရဲတပ်သားဟာ လွန်ခဲ့တဲ့ (၂၀၁၇)ကတည်းက ရဲတပ်သားအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ကြောင်းနှင့် လက်နက်အပြည့်အစုံနဲ့ CDM ပါဝင်လာတဲ့အတွက် The Youth Force (Saw & Kyaukhtu) က ဂုဏ်ပြုငွေ ကျပ်သိန်း (၇၀)ကို အခမ်းအနားနဲ့ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်က ရုန်းထွက်လာတဲ့ CDM ဝင်တဲ့ ရဲနှင့် စစ်သား အရေအတွက် ယခုနှစ်ဆန်းပိုင်းအထိ တစ်သောင်းကျော် ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ယော #ဆော #CDM

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ