မြောင်နယ် ညောင်ကားယားရွာထဲ ဖက်ဆစ်တပ် ဝင်မွှေလုယက် မီးရှိ့လို့ နေအိမ် (၁၂)လုံ းမီးလောင်ဆုံးရှုံး၊ ပြည်သူ (၄၀၀၀)ကျော် စစ်ပြေးနေရ၊

မြောင်နယ် ညောင်ကားယားရွာထဲ ဖက်ဆစ်တပ် ဝင်မွှေလုယက် မီးရှိ့လို့ နေအိမ် (၁၂)လုံ းမီးလောင်ဆုံးရှုံး၊ ပြည်သူ (၄၀၀၀)ကျော် စစ်ပြေးနေရ၊

MFP၊ အောက်တိုဘာ - ၈

စစ်ကိုင်းတိုင်း မြောင်နယ် ညောင်းကားယားရွာထဲ ဒီမနက်ပိုင်း ဖက်ဆစ်တပ်က အကြောင်းမဲ့ ဝင်မွှေလုယက် မီးရှို့လို့ ဒေသခံပြည်သူတွေရဲ့ နေအိမ် (၁၂)လုံး မီးလောင်ပြာကျခဲ့ပြီး ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ (၈)ရက် မနက်ပိုင်းမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေနှစ်စင်း အင် အား (၇၀)ကျော်နဲ့ မြင်းခြံဘက်ကနေ မြောင်နယ်ထဲ ဝင်မွှေလုယက် သောင်းကျန်းတဲ့ ဖက်ဆစ်တပ်က မြောင်နယ် ညောင်ကားယားရွာထဲ လုယက်သောင်းကျန်းပြီးနောက် နေအိမ်တွေကို မီးရှိဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

စစ်အုပ်စု ညာင်ကားယားရွာထဲ ဝင်မွှေလုယက် မီးရှို့ပြီး ပြန်ထွက်သွားချိန် ရွာလုံးကျွတ် အိမ်တွေ မီးမလောင်ဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်ငြှိမ်းသတ်ပေးခဲ့ကြောင်းနှင့် ကျေးရွာအတွင်း စစ်အုပ်စု ထောင်ထားခဲ့တဲ့ မိုင်း သုံးလုံး ရှာဖွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။

"ညောင်ကားယားမှ ထွက်တာနဲ့ တစ်ရွာလုံးမီးမကူးနိုင်ရေး အတွက် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲများ ချက်ခြင်းမီးငြိမ်းခြင်း၊ မိုင်းများချထားခဲ့မည်စိုး၍ ရှာဖွေခြင်းများပြုလုပ်ပြီး ပြည်သူများအန္တရာယ်ကင်းစွာ ပြန်ဝင်နိုင်ရေးတိုကို လုပ်ဆောင်ပေးထားပါပြီ"လို့ မြောင် CDSOM ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနွေဦးက ပြောပါတယ်။

လက်ရှိမှာ ညောင်ကားယားရွာကို မီးရှိဖျက်ဆီးပြီးထွက်သွားတဲ့ ဖက်ဆစ်တပ်ဟာ ပန်းညိုရွာကို ရောက်ရှိနေပြီး ညောင်ကားယား၊ ပန်းညို၊ ကျောင်းဖြူ၊ နှဲမှုတ်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ (၄၀၀၀)ခန့် စစ်ဘေးရှောင်နေကြရတယ်လို CDSOM က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ