မတ္တရာနယ်မှာ အုပ်ကြီး သုံးယောက် လက်ဖက်ရည်သောက်နေချိန် သေနတ်နဲ့ ပစ်ခံရပြီး နှစ်ယောက်ဒဏ်ရာရ

မတ္တရာနယ်မှာ အုပ်ကြီး သုံးယောက် လက်ဖက်ရည်သောက်နေချိန် သေနတ်နဲ့ ပစ်ခံရပြီး နှစ်ယောက်ဒဏ်ရာရ

MFP ၊ ဩဂုတ် - ၁၀

မန္တလေးတိုင်း မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး သုံးယောက် လက်ဖက်ရည်ဆိုင်ထိုင်နေချိန် ဒီမနက် (၈)နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဝသုန္ဒရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်သောင်း၊ လင်းမြွေချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်း၊ ထီးတော်မိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးလွင်တို့ သုံးယောက် လက်ဖက်ရည်သောက်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ဦးဌေးလွင်မှာ လက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဦးကျော်ဆန်းမှာ ရင်ဘတ်နဲ့ ပေါင်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြပြီး မတ္တရာဆေးရုံမှာ ဆေးကုသနေကြရတယ်လို့ သတင်းရင်းမြစ်အချို့က ပြောဆိုပါတယ်။

ဘာကြောင့်ပစ်ခတ်ခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပုံစာ - အုပ်ကြီးတွေ အပစ်ခံရတဲ့ လက်ဖက်ရည်ဆိုင်/ ဓာတ်ပုံ - ပေးပို့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #အုပ်ချုပ်ရေးမှူး #လက်ဖက်ရည်ဆိုင်ထိုင် #ပစ်ခတ်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ