အရာတော်မှာ မြို့နယ်စည်ပင် ဦးစီးအရာရှိ အမျိုးသမီး အသ-တ်ခံရ၊

အရာတော်မှာ မြို့နယ်စည်ပင် ဦးစီးအရာရှိ အမျိုးသမီး အသ-တ်ခံရ၊

MFP ၊ သြဂုတ် - ၂၆

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ မြို့နယ်စည်ပင် ဦးစီးအရာရှိ ဒေါ်ဝါဝါဆွေ ဆိုသူ သြဂုတ်(၂၄)ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်ခတ်၊ ဓားနဲ့ အထိုးခံရပြီး သေဆုံးတယ်လို့ သတင်း ရရှိပါတယ်။

သြဂုတ်(၂၄)ရက် ညနေ(၅)နာရီက အရာတော်မြို၊ အမှတ်(၁)အောင်မင်္ဂလာရပ်ကွက်၊ မြိုရေပေးဝေရေး စက်ရုံအနီးမှာ မြို့နယ်စည်ပင် ဦးစီးအရာရှိ ဒေါ်ဝါဝါဆွေကို PDF တွေက သ-တ်-ဖြတ်သွားတာလို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

“ပဒက်များမှ ဒေါ်ဝါဝါဆွေအား ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခု-တ်ပြီး သ-တ်-ဖြတ်သွား” လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘယ်သူက ဘာကြောင့် ကျူးလွန်တယ် ဆိုတာကိုတော့ MFP အနေနဲ့ အသေးစိတ် အခြေအနေတွေ မသိရသေးပါဘူး။

အရာတော်မြို့နယ် စည်ပင် အပါအဝင် အရာတော်နယ်ထဲက ဖက်ဆစ်တပ်နှင့် စစ်အုပ်စုကို သစ္စာခံတဲ့ ရုံးဌာနတွေဟာ ဒေသခံ ပြည်သူတွေအပေါ် ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ဖိနှိပ် သ-တ်-ဖြတ်တာ၊ ငွေညှစ်တာ၊ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းက အရာတော်မြို့ပေါ်မှာ စစ်အုပ်စုက ဟန်ပြ ဈေးရောင်းနေစဉ်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #စည်ပင် #ဦးစီးအရာရှိ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ