တန့်ဆည်နယ် နှစ်ရက်တာ တိုက်ခိုက်မှုမှာ စကစနှင့်ပျူ (၁၆)ယောက် သေ၊ အထိနာတဲ့ စစ်အုပ်စုက လေကြောင်းပစ်ခတ်မှု လေးကြိမ် ပြုလုပ်၊

တန့်ဆည်နယ် နှစ်ရက်တာ တိုက်ခိုက်မှုမှာ စကစနှင့်ပျူ (၁၆)ယောက် သေ၊ အထိနာတဲ့ စစ်အုပ်စုက လေကြောင်းပစ်ခတ်မှု လေးကြိမ် ပြုလုပ်၊

MFP၊ သြဂုတ် - ၅

စစ်ကိုင်းတိုင်း တန့်ဆည်နယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စကစနှင့် ပျူစောထီး (၁၆)ယောက် သေပြီး ဒဏ်ရာရသူတွေလည်း အများအပြား ရှိတယ်လို တန့်ဆည်ထောက်ပိုတပ် TSO က သတင်း ထုတ်ပြန်ပါတယ်။

တန့်ဆည်နယ်ထဲ လက်နက်အားကိုးနှင့် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ပျူတွေကို ဒေသကာကွယ်ရေး တပ်တွေက ဒီကနေ့ သြဂုတ်(၅)ရက်မှာ တစ်ကြိမ်၊ သြဂုတ်(၄)ရက်မှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ ညနေ(၅)နာရီဝန်းကျင်က တန့်ဆည်နယ် ချောင်းဆုံ(တောင်)ရွာမှ ပျူခေါင်းဆောင် စိန်ချိုရဲ့ နေအိမ်မှာ စုဝေးနေတဲ့ ပျူအုပ်စုကို ရွှေဘိုခရိုင် တပ်ရင်း (၆)နှင့် တန့်ဆည်မြိုနယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ပျူတစ်ယောက် သေပြီး အများအပြား ဒဏ်ရာရတယ်လို TSO က ဖော်ပြပါတယ်။

သြဂုတ်(၄)ရက် မနေ့ကလည်း တန့်ဆည်နယ် ဗျက်ကြီးရွာကို ဝင်မွှေတဲ့ စစ်အုပ်စုနှင့် ပျူတွေကို တိုက်ခိုကခဲ့ရာ စစ်အုပ်စုဘက်က (၁၀)ယောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို ဆိုပါတယ်။ ဒါ့အပြင် မနေ့က ညနေပိုင်းမှာလည်း တန့်ဆည်နယ် တဆဲကျဲရွာ အရှေ့ဘက် သရက်ပင်တန်းမှာ ကင်းစောင့်နေတဲ့ ပျူအဖွဲကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပျူငါးယောက် သေတယ်လို TSO က ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို Guerrilla Warfare - KPK၊ TSR၊ TazeTiger၊ PLA၊ TCRF PLA၊ PRLF၊ ရွှေဘိုခရိုင် PDF တပ်ရင်း (၁၀)၊ တပ်ရင်း (၁၆)၊ တပ်ရင်း(၈)၊ တပ်ရင်း(၆)၊ ပကဖနှင့် ပလဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေး တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာ အသေများနေတဲ့ စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်း တန့်ဆည်နဲ့ ရေဦးနယ်အစပ်က ခင်မင်ရွာကို ရဟတ်ယာဉ်တွေ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့တယ်လို TSO က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲဒီခင်မင်ရွာကိုပဲ ကုန်းကြောင်းကလာတဲ့ စကစ အင်အား (၁၅၀)လောက် ထပ်ရောက်နေပြီး လုယက် သောင်းကျန်း ဓားပြတိုက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ တန့်ဆည် - ကံထူးမ - တောဂျင် - မဟာမြိုင် လမ်းပိုင်းအား ပြည်သူတွေ အသုံးမပြုဘဲ ခေတ္တရပ်ဆိုင်းထားဖို တန့်ဆည်ဒေသ ကာကွယ်ရေးတပ်ဖွဲတွေက မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

တန်ပဆည်နယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ တန့်ဆည် TSO တပ်ဖွဲ့ဝင် ရဲဘော်တချို့/Photo – TSO

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #TSO #တန့်ဆည် #တိုက်ပွဲ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ