ရေစကြို မြို့ပြမြေအောက်တော်လှန်ရေး တပ်ဖွဲ့စခန်း စီးနင်းဖျက်ဆီးခံရပြီး ကျပ်သိန်း (၁၀၀)ကျော်ဖိုး ဆုံးရှုံးဟုဆို၊

ရေစကြို မြို့ပြမြေအောက်တော်လှန်ရေး တပ်ဖွဲ့စခန်း စီးနင်းဖျက်ဆီးခံရပြီး ကျပ်သိန်း (၁၀၀)ကျော်ဖိုး ဆုံးရှုံးဟုဆို၊

MFP ၊ အောက်တိုဘာ - ၂၅

မကွေးတိုင်း ရေစကြိုမြို့နယ် အခြေပြု ရေစကြိုမြို့ပြ မြေအောက်တော်လှန်ရေး တပ်ဖွဲ့ - Urban Underground Revolution Force-YSO ရဲ့ စခန်းတစ်ခု ယမန်နေ့ မနက်ပိုင်းက စစ်အုပ်စုရဲ့ စီးနင်းဖျက်ဆီးတာ ခံခဲ့ရပြီး လက်နက်ခဲယမ်းတွေ အပါအဝင် ကျပ်သိန်း (၁၀၀)ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ UURF -YSO က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၃)ရက် မနက်(၅)နာရီက ရေစကြို UURF - YSO ရဲ့ စခန်းခွဲ တစ်ခုကို စစ်အုပ်စုက ပျူတွေက စီးနင်း ဖျက်ဆီးသွားတာ ဖြစ်ပြီး (၄၀မမ) လက်လုပ်တစ်လက်၊ (၄၀မမ)ကျည်အစစ် (၁၀)လုံး၊ (၉မမ)ဘောက်ပါ လက်လုပ်အူစီတစ်လက်၊ ဆိုလာပြား နှစ်ချပ်၊ ဘထ္တရီ သုံးလုံး၊ ဆိုင်ကယ် နှစ်စီး၊ Droneတစ်စီး အပါအဝင် ကန့်တဲနှစ်လုံး မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

"ပျက်စီးဆုံးရှုံးမှု တန်ဖိုး သိန်း(၁၀၀)ကျော် ဆုံးရှုံးခဲ့ရပါသည် ပြည်သူများအနေဖြင့်လည်း တော်လှန်းရေး အားကောင်းဖို့ တတ်နိုင်တဲ့အားနဲ့ ပါဝင်ကူညီပေးစေလိုပါတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့လေးအနေနဲ့ ပြန်လည်ထူထောင်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ အမှန်တရားကို လိုလားသောပြည်သူများက ပါဝင်ကူညီမှသာ ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ပြည်သူများကလည်း တက်စွမ်းသမျှ ပါဝင်ကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံအပ်သည်" လို့

ရေစကြို UURF - YSO က ဖော်ပြပါတယ်။

ကူညီထောက်ပံ့လိုသူတွေ ရှိပါက ရေစကြို UURF - YSO ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာဖြစ်တဲ့ Urban Underground Revolution Force - YSO - 2 ကို ဆက်သွယ်ပေးကြဖိုပလည်း ဖော်ပြထားပါတယ်။

ရေစကြိုနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက်၊ ဓားပြတိုက် သောင်းကျန်းသတ်ဖြတ်နေလို့ ဒေသခံပြည်သူတွေလည်း စစ်ပြေးနေရပါတယ်။

စစ်အုပ်စုက စီးနင်းဖျက်ဆီးသွားတဲ့ ရေစကြို Urban Underground Revolution Force - YSO ရဲ့ စခန်းနေရာ/Photo - UURF-YSO

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #UURF_YSO #စခန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ