ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး အရာတော်မှာ ဆီမီးသပိတ် ဆင်နွှဲ၊

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး အရာတော်မှာ ဆီမီးသပိတ် ဆင်နွှဲ၊

MFP ၊ အောက်တိုဘာ - ၈

Photo - အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ

၅/အရာတော် "ဓမ္မကို ဂုဏ်ပြုပူဇော် အဓမ္မကို လောင်ကျွမ်းစေ" ဆိုတဲ့ ကြွေးကြော်သံနှင့်အတူ အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်း အရာတော်နယ် ကျေးရွာတစ်ရွာမှာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး သီတင်းကျွတ် ဆီမီးသပိတ် ဆင်နွှဲခဲ့တယ်လို့ သတင်း ရရှိပါတယ်။

၅/ အရာတော် လူထုသပိတ် ချီတက်ချိန် မုံရွာ ပင်မသပိတ်ကော်မတီဝင်တွေကလည်း ပူးပေါင်း ပါဝင်ကာ သပိတ်တရာ ဟောပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #လူထုသပိတ် #ဆီမီးသပိတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ