မန္တလေး ဆီဆိုင်အများစု ဆီပြတ်

မန္တလေး ဆီဆိုင်အများစု ဆီပြတ်

MFP ၊ ဩဂုတ် - ၁၁



မန္တလေးမြို့က ဓာတ်ဆီဆိုင်အများစုဟာ ဆီပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



ဒီနေ့မနက်ပိုင်းကစပြီး ကား၊ ဆိုင်ကယ် စီးနင်းသူအများစုသုံးစွဲတဲ့ 92 နဲ့ 95 ဓာတ်ဆီတွေ ပြတ်လပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။



“ မန္တလေး မြို့သစ်စက်မှုဘက်ကနေ ပုလိပ်ဘက်အထိ ဆိုင်တွေအကုန်ပြတ်နေတယ် “ လို့ ဒေသခံတစ်ယောက်က MFP ကို ပြောပါတယ်။



မန္တလေးမှာ ဒီနေ့ပေါက်စျေးအရ 92 တစ်လီတာကို ၂၁၈၅ ကျပ်နဲ့ 95 တစ်လီတာကို ၂၂၆၀ ကျပ်ဖြစ်တယ်လို့ ဆီဆိုင်တွေက ထုတ်ပြန်ထားပါတယ်။



အလားတူ ပြင်ဦးလွင်မြို့မှာလည်း ဆီဆိုင်အများစုဟာ ဆီပြတ်လပ်နေတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။



(ဒီနေ့ညနေပိုင်းက မန္တလေးမြို့မှာမြင်ရတဲ့ BOC ဆိုင် မြင်ကွင်း)



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဓာတ်ဆီပြတ် #စက်သုံးဆီ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ