ကလေးနယ် သာယာကုန်းရွာ တိုက်ပွဲမှာ NCDA တပ်ဖွဲ့ ဒု-ရင်းမှုးနှင့် ကင်းထောက်ရဲဘော် ကျဆုံးခဲ့၊

ကလေးနယ် သာယာကုန်းရွာ တိုက်ပွဲမှာ NCDA တပ်ဖွဲ့ ဒု-ရင်းမှုးနှင့် ကင်းထောက်ရဲဘော် ကျဆုံးခဲ့၊

MFP ၊ သြဂုတ် - ၈

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဘက် သာယာကုန်းရွာမှာ သြဂုတ်(၂)ရက်ကနေ (၅)ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Natchaung Defence Association (NCDA) တပ်ဖွဲ့ရဲ့ ဒု-တပ်ရင်းမှူးနှင့် ကင်းထောက်ရဲဘော်တို့ ကျဆုံးခဲ့ရတယ်လို့ NCDA က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၄)ရက်က သာယာကုန်းရွာ တိုက်ပွဲမှာ NCDA တပ်ဖွဲ့ ဒု-တပ်ရင်းမှူးနှင့် ကင်းထောက်ရဲဘော်တို့ဟာ အကြမ်းဖက် စစ်အုပ်စုကို ရွပ်ရွပ်ချွန်ချွန် ခုခံတိုက်ခိုက်ရင်း ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားတာလို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကလည်း ဖော်ပြပါတယ်။

ကျဆုံးရဲဘော်တွေနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

NCDA တပ်ဖွဲ့ဟာ ကလေးမြို့နယ် ပကဖ ရဲ့ လက်အောက်က ဖြစ်ပြီး စစ်ကောင်စီ အကြမ်းဖက် သမားတွေ နတ်ချောင်းရွာကို အကြိမ်ကြိမ် ဝင်မွှေလုယက် ဓားပြတိုက်ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ်တာ၊ ထင်တိုင်းကျဲ လုယက် မီးရှို့တာတွေကြောင့် ကျေးရွာကို တတ်နိုင်သလောက် ကာကွယ်ဖို့နှင့် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ဖို့ ဒေသခံ လူငယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ရပ်ရွာကာကွယ်ရေး အဖွဲ့ငယ်လေးသာ ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ကလေးမြို့နယ်ထဲ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ သြဂုတ်(၂)ရက်ကနေ (၅)ရက်အထိ ကလေးမြို့တောင်ဘက်က သာယာကုန်းရွာနှင့် နည်းပညာတက္ကသိုလ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ တိုက်ပွဲတွေအတွင်း စကစ (၁၅)ယောက်ထက်မနည်း သေပြီး အများအပြား ထိခိုက်ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက် PDF (Kalay) တပ်ဖွဲ့၊ တပ်ရင်း (၆)ရဲ့ တပ်စိတ်မှုး တစ်ဦး ၊ ကလေးမြို့ ပကဖ လက်အောက်ခံ NCDA တပ်ရင်း(၁) ဒု-ရင်းမှုး နှင့် ကင်းထောက်ရဲဘော် နှစ်ဦး၊၊ စုစုပေါင်း ပြည်သူ့ရဲဘော် သုံးဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် (၁၀) ဦး၊ CNDF - Vakok တပ်ဖွဲ့ဝင် နှစ်ဦး ၊ ပ.က.ဖ တပ်ဖွဲ့ဝင် လေးဦး၊ RKDF တပ်ဖွဲ့ဝင် တစ်ဦး၊ စုစုပေါင်း (၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PDF (Kalay) က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ တိုက်ပွဲတွေမှာ PDF Kalay တပ်ရင်း (၁)၊ (၂)၊ (၅)၊ (၆)နှင့် CNDF ၊ CDF(KKG)၊ KRDF ၊ ကလေး ပကဖ စတဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ ပါဝင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

NCDA တပ်ဖွဲ့က ကျဆုံးခဲ့တဲ့ ဒု-ရင်းမှူးနှင့် ရဲဘော်ကို မီးသင်္ဂြိုဟ်နေစဉ်နှင့် NCDA တပ်ဖွဲ့ဝင်တချို့/Photo – NCDA

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #တိုက်ပွဲ #NCDA #PDF #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ