တောင်သာ လှည်းကူးမရွာ စကစ အုပ်ကြီးကို သု-တ်-သင်၊ သေနတ်တစ်လက် ရရှိ၊

တောင်သာ လှည်းကူးမရွာ စကစ အုပ်ကြီးကို သု-တ်-သင်၊ သေနတ်တစ်လက် ရရှိ၊

MFP ၊ စက်တင်ဘာ - ၂၃

အာဏာသိမ်း စစ်အုပ်စုနှင့် ပူးပေါင်းကာ ဒေသခံပြည်သူတွေအပေါ် အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ မန္တလေးတိုင်း တောင်သာမြို့နယ် လှည်းကူးမရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော် ဆိုသူကို ယမန်နေ့က ပစ်ခတ် ရှင်းလင်း သု-တ်-သင်ခဲ့ရာ သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၁)ရက် နေ့လည်(၁၂)နာရီက တောင်သာမြို့နယ် လှည်းကူးမရွာ စကစ အုပ်ကြီး ထွန်းအောင်ကျော် ကို Myingyan Black Tiger ၊ TTA ပြောက်ကျားတပ် (တောင်သာ)၊ The Value Of Young Man (တောင်သာ)၊ JKP 22 *Submachine Gun Production in Burma ၊ Natogyi Regional Defence Force နှင့် မြေလတ် PDF တို့ ပူးပေါင်းပြီး သု-တ်-သင် ခဲ့တာလို့ ဆိုပါတယ်။

“တောင်သာမြို့နယ် လှည်းကူးမ ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ကြီး ထွန်းအောင်ကျော်သည် လက်နက်အားကိုးဖြင့် ပြည်သူများအား အနိုင်ကျင့် ငွေတောင်းခြင်း၊ CDM များအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင် နေပါသောကြောင့် မဟာမိတ်များ ပူးပေါင်း၍ ငရဲပြည်သို့ ပို့ဆောင်ပေးခဲ့သည်။ ရှင်းလင်းမှု အပြီးတွင် စစ်ကောင်စီခန့် အုပ်ကြီးထဲမှ (M-22) သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့သည်” လို့ ဒေသကာကွယ်ရေး တပ်တွေက ဖော်ပြပါတယ်။

တောင်သာနယ် အပါအဝင် ငါန်းဇွန်၊ နွားထိုးကြီး၊ မြင်းခြံစတဲ့ မြင်းခြံနယ်ထဲ စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုး သောင်းကျန်းနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သ-တ်-ဖြတ်တာ၊ ငွေညှစ်တာ၊ လုယက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေသလို ဒေသကာကွယ်ရေး တပ်တွေကလည်း စစ်အုပ်စုနှင့် အပေါင်းပါတွေကို ရရာနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ