ရေဦးနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ ခြောက်ယောက် ပွဲချင်းပြီး သေ ဟုဆို၊ စာသင်ကျောင်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကိုလည်း ဒရုန်းနဲ့ ဗုံးထုတိုက်ခိုက်၊

ရေဦးနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ ခြောက်ယောက် ပွဲချင်းပြီး သေ ဟုဆို၊ စာသင်ကျောင်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကိုလည်း ဒရုန်းနဲ့ ဗုံးထုတိုက်ခိုက်၊

MFP၊ စက်တင်ဘာ - ၂၁

စစ်ကိုင်းတိုင်း ရေဦးမြို့ကနေ ကားနှစ်စီးနဲ့ ထွက်လာပြီး သရက်ပင်စုရွာအနီး ခြေလျှင်ဆင်းပြီး သွားလာနေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် ပွဲချင်းပြီး သေတယ်လို ခင်ဦး Spring Special Task Force - SSTF က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၁)ရက် မနက်အစောပိုင်းက ရေဦးမြို့နယ် သရက်ပင်စုရွာအနီး ရောက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျွန်ုပ်တို SSTF အဖွဲမှ မိုင်းဆွဲ တိုက်ခိုက်ရာ ခွေးခြောက်ကောင် နေရာတွင် ကျဆုံးသွားပါသည်။ လက်နက်အင်အား လူအင်အား မမျှတသဖြင့် လက်နက်ကောက်ယူခွင့် မရရှိခဲ့ပါ"လို SSTF က ဖော်ပြပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရေဦးနယ် မြင်းဒေါင်းရွာထဲ ဝင်မွှေလုယက်ကာ ပြည်သူကို ရန်ပြု သောင်းကျန်းပြီးနောက် အလယ်ချောင်းတံတားဘက်က စစ်အုပ်စုနဲ့ သွားရောက် ပူးပေါင်းသွားတယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒီနောက် စကစတွေ သုံးဖွဲခွဲပြီး သရက်ပင်စု၊ မြင်းဒေါင်းနှင့် အလယ်ချောင်း တံတားတွေမှာ နေရာယူထားချိန် မြင်းဒေါင်း စာသင်ကျောင်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို SSTF အဖွဲက ဒီနေ့လည်ပိုင်း ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်လို့ စစ်အုပ်စု အသေအပျောက် အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက သောင်းကျန်းနေလို့ ဒေသခံ ပြည်သူတွေအနေနဲ့ ရေဦး-ခင်ဦး ကားလမ်းကို အသုံးမပြုကြဖို့လည်း SSTF က သတိပေး မေတ္တာ ရပ်ခံထားပါတယ်။

ခင်ဦးမြို့နယ် အခြေပြူ Spring Special Task Force (SSTF) တပ်ဖွဲ့ဟာ ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါး တပ်တော် - M.R.D.A ရဲ့ ခင်ဦးအခြေစိုက် M.R.D.A တပ်ခွဲ ဖြစ်တယ်လို့ MRDA က ဖော်ပြပါတယ်။

MRDA အနေနဲ့ လက်ရှိမှာ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ခင်ဦး၊ မြိုင်၊ ပေါက်၊ မုံရွာ စတဲ့ မြို့နယ်တွေမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရေဦးနယ် မြင်းဒေါင်းရွာ စာသင်ကျောင်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဒရုန်း/Photo - SSTF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #SSTF #MRDA #ခင်ဦး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ