မန္တလေးက ယာဉ်ထိန်းရဲ ဂိတ်တဲမှာ သွေးကြွေးတောင်းဖို့ အချိန်တန်ပြီ စာတန်း ချိတ်ဆွဲ၊ အရပ်ဝတ်တွေနဲ့ လာဖြုတ်ချိန် မိုင်းဖောက်ခွဲပေမယ့် မပေါက်ကွဲဟုဆို၊

မန္တလေးက ယာဉ်ထိန်းရဲ ဂိတ်တဲမှာ သွေးကြွေးတောင်းဖို့ အချိန်တန်ပြီ စာတန်း ချိတ်ဆွဲ၊ အရပ်ဝတ်တွေနဲ့ လာဖြုတ်ချိန် မိုင်းဖောက်ခွဲပေမယ့် မပေါက်ကွဲဟုဆို၊

MFP ၊ နိုဝင်ဘာ - ၁

မန္တလေးမြို့သစ်၊ ချမ်းမြသာစည်မြို့နယ် (၅၅)လမ်းနဲ့ မနော်ဟရီလမ်းထောင့်က ယာဉ်ထိန်းရဲ ဂိတ်တဲရှေ့မှာ ဒီမနက်ပိုင်း "သွေးကြွေးတောင်းဖို့ အချိန်တန်ပြီ ပူးပေါင်း၍ ထတော့ မန္တလေး "၊ " ဖားကန့်အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ " ဆိုတဲ့ စာတန်းပါ ဗီနိုင်းတွေ ချိတ်ဆွဲ ဆန္ဒပြထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီ စာတန်းတွေ ချိတ်ဆွဲထားတဲ့ ယာဉ်ထိန်းရဲ ဂိတ်တဲကို စစ်ကောင်စီ သစ္စာခံ အရပ်ဝတ်တွေက လာရောက် ဖြုတ်သိမ်းရာမှာ မိုင်းဖောက်ခွဲခဲ့ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့ မန္တလေး မြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

"ဒီနေ့ မနက်က အကြမ်းဖက် စစ်‌ကောင်စီ ဆန့်ကျင့်ရေး စာတန်းများ ချိတ်ဆွဲထားတဲ့ ယာဉ်ထိန်းရုံးထဲမှာ ဗုံးထောင် ထားခဲ့တာ အရပ်ဝတ်တွေနဲ့ ပျူလိုလိုကောင်တွေ လာဖြုတ်တဲ့ အချိန် ဖောက်ခွဲခဲ့ပေမဲ့ ပစ္စည်း error တက်ပြီး ဗုံးက မကွဲတော့ပဲ အခုထိ ရုံးထဲမှာ ကျန်နေသေးလို့ ပြည်သူများအနေဖြင့် အဲ့ရုံးနားကို သွားလာ စပ်စုခြင်း မပြုလုပ်ကြရန် အသိပေးအပ်ပါသည်" လို့ Vomdy က ဆိုပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း မန္တလေးမြို့အနှံ့မှာ ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် အနိုင်ကျင့် ဖိနှိပ်နေပြီး ကား၊ ဆိုင်ကယ် ရပ်မပေးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လမ်းလည်ခေါင်မှာ ပစ်သတ်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တာတွေလည်း မကြာခဏ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သွေးကြွေးတောင်းဖို့အချိန်တန်ပြီ #ဖားကန့်အနန့်ပါ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ