မြိုင်နယ် ဝက်သိုးအိုင်ရွာထဲ စစ်အုပ်စုက သုံးရက်ကြာ စီးနင်းပြီး ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူကာ ရွာကပြန်အထွက်မှာ မီးရှို့လို့ အိမ်(၂၀)ကျော် ပြာကျ၊ ရွာမီးရှို့ လုယက်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊

မြိုင်နယ် ဝက်သိုးအိုင်ရွာထဲ စစ်အုပ်စုက သုံးရက်ကြာ စီးနင်းပြီး ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူကာ ရွာကပြန်အထွက်မှာ မီးရှို့လို့ အိမ်(၂၀)ကျော် ပြာကျ၊ ရွာမီးရှို့ လုယက်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊

MFP၊ အောက်တိုဘာ - ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ မနေ့က မနက်ပိုင်း မြိုင်နယ် အရှေ့ပိုင်းက ဝက်သိုးအိုင်ရွာထဲ စီးနင်းဝင်မွှေ လုယက် မီးရှိဖျက်ဆီးလို့ နေအိမ် (၂၂) လုံးနှင့် နွားစာခြံနှစ်ခု မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၉)ရက် ကတည်းက ဝက်သိုးအိုင်ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး အိမ်တိုင်းစေ့ ဖောက်ထွင်းခိုးယူ လုယက်ပြီးနောက် အောက်တိုဘာ(၁၁)ရက် မနက်ပိုင်း ရွာထဲက ပြန်ထွက်ချိန်မှာ တန်ဘိုးကြီး ပစ္စည်းတွေ ခိုးယူသယ်ဆောင်သွားပြီးနောက် တရွာလုံးကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"အခုမနက်မှ အရှို့ခံရတာပါ။ ရွာကိုဝင်နေတာ နှစ်ရက်လောက်ရှိပြီ" လို့ နွေဦးတော်လှန်ရေး(မြိုင်)အဖွဲ့က တော်လှန် ရေးရဲဘော်တစ်ဦးက အောက်တိုဘာ(၁၁)ရက်က ပြောပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ဝက်သိုးအိုင်ရွာက နေအိမ် (၂၂)လုံးနှင့် နွားတဲနှစ်လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်နယ် ဝက်သိုးအိုင်ရွာထဲ ထင်တိုင်းကျဲ ဖောက်ထွင်းလုယက် ခိုးယူကာ မီးရှိဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို ရှင်မတောင် ကြံစိမ့်ကြီးဘက်အထွက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲတွေက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စကစတွေ အထိအခိုက် ရှိနိုင်ပေမယ့် အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းပြီးနောက် စစ်အုပ်စုဟာ မနေ့က ညနေပိုင်းမှာ ရေစကြိုနယ် သရက်ပင်ကန်ကျေးရွာဘက် ရောက်ရှိသွားပြီး ရေစကြိုနယ်ထဲ ဆက်လက် သောင်းကျန်းမယ့် အခြေအနေ ရှိတ.ယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထားပါတယ်။

မြိုင်နယ် အရှေ့ခြမ်းက ဝက်သိုးအိုင်ရွာထဲ စစ်အုပ်စုက သုံးရက်ကြာ စီးနင်းပြီး ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်ကာ ရွာကပြန်အထွက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားစဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ဝက်သိုးအိုင်ရွာ #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ