မန္တလေးမြို့ပေါ်မှာ ဓားပြတိုက်လုယက် လူသတ်မှုဖြစ်ပြီး အိမ်ရှင် အမျိုးသမီး နှစ်ဦး အသတ်ခံရ၊

မန္တလေးမြို့ပေါ်မှာ ဓားပြတိုက်လုယက် လူသတ်မှုဖြစ်ပြီး အိမ်ရှင် အမျိုးသမီး နှစ်ဦး အသတ်ခံရ၊

MFP ၊ အောက်တိုဘာ - ၆

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (၁၁၈) လမ်းနှင့် (၇၂)လမ်းအနီးက အိမ်တစ်အိမ် ဒီနေ့ အောက်တိုဘာ (၆)ရက် မနက်(မနက်၄)နာရီမှာ ဓားပြတိုက် လုယက်ခံရပြီး အိမ်ရှင်အမျိုးသမီး နှစ်ဦး အသတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နေအိမ်နဲ့ ဆေးဆိုင် တွဲဖွင့်ထားတဲ့အိမ် ဓားပြတိုက် လုယက် လူသတ်ခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

အသေးစိတ် အခြေအနေ မသိရသေးပေမယ့် အိမ်ထဲမှာ ရှိနေတဲ့ အမျိုးသမီး နှစ်ဦး အသတ်ခံပြီး ရွှေငွေပစ္စည်းတချို့လည်း ပါသွားတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက MFP ကို ပြောပါတယ်။

လက်ရှိမှာ ဓားပြတိုက်မှုဖြစ်တဲ့ နေအိမ်ကို စစ်အုပ်စု ရောက်လာပြီး လမ်းပိတ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

MFP အနေနဲ့ အသေးစိတ်ဘအခြေအနေတွေကိုတော့ မသိရ သေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဥ်းထောင်တွေထဲက လူသတ်၊ ဓားပြ၊ မုဒိန်းစတဲ့ ရာဌဝတ် အကျဥ်းသားတွေ အားလုံးကို ထောင်က လွှတ်ပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဓားပြမှု #ပြည်ကြီးတံခွန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ