မတ္တရာ၊ စဉ့်ကူးနှင့် ဝက်လက်နယ်ထဲ ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ စကစ ဗိုလ်မှူး ပစ်သတ်ခံရ၊ မတ္တရာ၊ ဝက်လက်နှင့် မန္တလေးက တော်လှန်ရေး သုံးဖွဲ့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာဖြစ်၊

မတ္တရာ၊ စဉ့်ကူးနှင့် ဝက်လက်နယ်ထဲ ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ စကစ ဗိုလ်မှူး ပစ်သတ်ခံရ၊ မတ္တရာ၊ ဝက်လက်နှင့် မန္တလေးက တော်လှန်ရေး သုံးဖွဲ့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာဖြစ်၊

MFP ၊ နိုဝင်ဘာ - ၇

ရခိုင်ပြည်နယ်ကနေ မန္တလေးတိုင်းထဲ ပြောင်းရွှေ့လာပြီး စစ်ကောင်စီ အလိုကျ ပြည်သူကို ရန်ပြုဖမ်းဆီး သောင်းကျန်းနေတဲ့ မတ္တရာမြို့နယ် ထီးတော်မိုး စုဆောင်းရေးတပ်က ဗိုလ်မှူး အောင်နိုင်စိုး ဆိုသူကို ဒီမနက်ပိုင်း ပစ်ခတ်ဖမ်းဆီးရာ သေဆုံးတယ်လို့ မတ္တရာနယ် ကောင်းကင် တော်လှန်ရေးအင်အားစုက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ(၇)ရက် မနက်ပိုင်းက မတ္တရာမြို့နယ် မြွေတလိုင်းရွာနေ ဗိုလ်မှူး အောင်နိုင်စိုးကို နေအိမ်ထဲ ဝင်ရောက် ပစ်ခတ်ရာ ထွက်ပြေးတဲ့အတွက် လိုက်လံပစ်ခတ် ဖမ်းဆီးရာ မြစ်ကမ်းဘေးမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ သစ္စာခံ ဗိုလ်မှူး အောင်နိုင်စိုး ဆိုသူဟာ ရခိုင်ပြည်နယ် အမ်းတပ်နယ်ကတစ်ဆင့် မန္တလေးတိုင်း ပြင်ဦးလွင်တပ်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး ပြင်ဦးလွင်ခရိုင် မတ္တရာ၊ စဉ့်ကူးနဲ့ မြစ်တဖက်ကမ်းက စစ်ကိုင်းတိုင်း ဝက်လက်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့ရာမှာ ဗိုလ်မှူးအောင်နိုင်စိုးက ခိုးရာပါပစ္စည်း သယ်ပို့လုပ်ဆောင်ခြင်း အပါအဝင် စစ်အုပ်စုအတွက် အဓိက ထောက်ပို့ လုပ်ဆောင်ပေးသူ ဖြစ်ကြောင်းတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အလိုကျ ပြည်သူကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ ဗိုလ်မှူးအောင်နိုင်စိုးကို မတ္တရာနယ် ကောင်းကင်တော်လှန်ရေး အင်အားစု၊ ဝက်လက်နယ် တောကြီးမြွေပွေး တပ်ဖွဲ့နှင့် မန္တလေးတိုင်း ဒေါင်းစစ်သည် တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ မတ္တရာ၊ စဉ့်ကူးနဲ့ ဝက်လက်နက်ထဲ ဧရာဝတီမြစ်ကြောင်းဘေးက ကျေးရွာတွေကို ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရျို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပြီး စစ်အုပ်စုရန်ကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

မြစ်ကမ်းဘေးမှာ လဲကျသေဆုံးနေတဲ့ စကစ ဗိုလ်မှူး အောင်နိုင်စိုးနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ မတ္တရာနယ်က ပြည်သူတွေ/Photo - ပေးပို့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ထီးတော်မိုးစုဆောင်းရေးတပ် #ဗိုလ်မှူးအောင်နိုင်စို

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ