ပုလဲ ပအဖရုံးကို စစ်အုပ်စုက လေကြောင်း ပစ်ခတ်စီးနင်းပြီး အချုပ်ခန်းဖောက်ကာ ပျူနှင့်ဒလန်တွေ ခေါ်ထုတ်၊ အရာရှိ ဇနီးကို လိုက်လံကယ်ထုတ်တာလို့ စစ်အုပ်စုက သတင်းဖြန့်၊

ပုလဲ ပအဖရုံးကို စစ်အုပ်စုက လေကြောင်း ပစ်ခတ်စီးနင်းပြီး အချုပ်ခန်းဖောက်ကာ ပျူနှင့်ဒလန်တွေ ခေါ်ထုတ်၊ အရာရှိ ဇနီးကို လိုက်လံကယ်ထုတ်တာလို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၂၆

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာအနီး၊ မြောက်ယမားဆည် ရိပ်သာဆောင်မှာ ဖွင့်လှစ်ထားတဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ စခန်းကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီး အသုံးပြုကာ လေကြောင်းတိုက်ခိုက် စီးနင်းခဲ့ပြီးနောက် အချုပ်ခန်းဖောက်ကာ ပျူနှင့် ဒခန်တွေကို ခေါ်ထုတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မနေ့က အောက်တိုဘာ(၂၅)ရက် ညနေ(၃)နာရီကျော်မှာ စစ်အုပ်စုက ရဟတ်ယာဉ် သုံးစီး၊ နှစ်စီးက နှစ်ကျော့ပြန်လာတဲ့အတွက် စုစုပေါင်း ငါးစီးနဲ့ ပုလဲမြို့နယ် ဖလံပင်ရွာအနီး ပုလဲမြို့နယ် ပအဖ နှင့် ပလဖ ရုံးတွေကို ပစ်ခတ်စီးနင်းခဲ့တာ ဖြစ်ပြီး အချုပ်ခန်းဖောက်ကာ ပုလဲ ပအဖ က ဖမ်းဆီးထားတဲ့ ပျူနှင့် ဒလန်တွေကို ခေါ်ထုတ်သွားတာလို့ ဆိုပါတယ်။

"နမခ ခွေးခြံမှ ရဟတ်ယာဉ် သုံးစီး ( နှစ်စီး နှစ်ခေါက်ပြန်ကာ) ဖြင့် ပုလဲမြို့နယ် ပအဖ/ပကဖ ရုံးနှင့်ပုလဲတပ်ရင်း (၁) ရဲ့ တပ်ခွဲ တစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ ရုံးတာဝန်ရှိသူများနှင့်လုံခြုံရေး ရဲဘော်များ ဘေးလွတ်ရာသို့ ရောက်ရှိသွားခဲ့သော်လည်း တပ်ရင်း (၁) ရဲ့ ရဲဘော်တစ်ချို့မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ စကစများထံသို့ ရဟတ်ယာဉ်ဖြင့် ပါသွားသော လူများမှာ ဖမ်းမိထားသော ပျူများ၊ စခ နှင့် ရခများသာ ဖြစ်ပါတယ်" လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ ပုလဲတပ်ရင်း (၁)က ဖော်ပြပါတယ်။

ပုလဲမြိုကနယ် ပအဖ၊ ပလဖ ရုံးကို လေကြောင်းကနေ ပစ်ခတ်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး စ်စအုပ်စုဘက်က ဝါဒဖြန့် သတင်းထုတ်လွှင့်ရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၂)ရက်က မကွေးတိုင်း ဂန့်ဂေါနယ်က စစ်ကောင်စီသစ္စာခံ အရာရှိတစ်ယောက်ရဲ့ ဇနီး မုံရွာနှင့် ကျောမြို့ကြားမှာ အဖမ်းခံရပြီးနောက် အဲ့ဒီအမျိုးသမီးကို ကယ်ထုတ်တာလို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီ သစ္စာခံရဲ့ ဇနီးကို ကယ်ထုတ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာကို စီးနင်းခဲ့သေးပြီး ရင်ပေါင်တိုင်မှာ မတွေ့လို့ ဖလံပ်ငရွာကို ဆက်လက် စီးနင်းတာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

မနေ့က ညနေပိုင်း ဖလံပင်ရွာအနီး စီးနင်းမှုမှာ အရာရှိဇနီး အပါအဝင် စုစုပေါင်း (၂၆)ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန် အလောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရရှိတယ်လို့လည်း စစ်အုပ်စုက ဆိုပါတယ်။

ရခိုင်နှင့် ကရင်ပြည်နယ် အပါအဝင် ရှေ့တန်းစစ်မြေပြင်မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေကို ပြန်လည်ကယ်တင်ဖို့ မကြိုးစားဘဲ အပြစ်ဖို့ ဝေဖန်နေတဲ့ စစ်အုပ်စုက အခုလို ပျူနဲ့ ဒလန်တွေကို ပြန်ကယ်ပြတာ ထူးခြားတယ်လို့ ယင်းမာပင်နယ်က တော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်ပါတယ်။ တိုင်းရင်းသား တော်လှန်ရေးဒေသ မဟုတ်တဲ့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေမှာ လေကြောင်းအသုံးပြု ပစ်ခတ်စီးနင်းပါက PDF တွေရဲ့ အန္တရာယ်ကို အထူးစိုးရိမ်ဖို့ မလိုတာကြောင့် စစ်အုပ်စုက အခုလို ပျူ၊ဒလန်တွေကို ကယ်ထုတ်ပြီး စကစတွေကြား စိတ်ဓာတ်မြင့်တင်ရေး ဝါဒဖြန့်ဖို့ လုပ်ဆောင်တာ ဖြစ်မယ်လို့ အဲ့ဒီ ရဲဘော်က ဆိုပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၁၉)ရက်က ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို လေကြောင်းအသုံးပြု စီးနင်းရာမှာတော့ ကိုယ်ဝန်ဆောင်မိခင်နှင့် အဖွားအိုတစ်ဦး အပါအဝင် ဒေသခံပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီး ရင်ပေါင်တိုင်၊ ပုခိုးသာ၊ ရွှေလှံစတဲ့ ရွာတွေထဲ ဖောက်ထွင်းခိုးယူ လုယက်ခဲ့ပါတယ်။

ပုလဲမြို့နယ် ဖလံပင်ရွာအနီးက ပုလဲမြို့နယ် ပအဖ၊ ပလဖ ရုံးကို စစ်အုပ်စုက လေကြောင်းအသုံးပြု စီးနင်းပြီးနောက် အချုပ်ခန်းဖောက်ကာ ပျူ၊ဒလန်တွေကို ကယ်ထုတ်လာစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #ပအဖ #ပလဖ #အချုပ်ခန်း #ဖလံပင်ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ