အထပ်မြင့် အဆောက်အဦးတွေမှာ တိုက်ပွဲဖော်ဖို့ အပါအဝင် မြို့ပြစစ်ဆင်ရေးနှင့် စခန်းသိမ်းတိုက်ပွဲတွေအတွက် လေ့ကျင့်နေကြောင်း ထုတ်ပြန်၊

အထပ်မြင့် အဆောက်အဦးတွေမှာ တိုက်ပွဲဖော်ဖို့ အပါအဝင် မြို့ပြစစ်ဆင်ရေးနှင့် စခန်းသိမ်းတိုက်ပွဲတွေအတွက် လေ့ကျင့်နေကြောင်း ထုတ်ပြန်၊

MFP ၊ အောက်တိုဘာ - ၂၂

အထပ်မြင့် အဆောက်အဦးတွေမှာ တိုက်ပွဲ ဖော်ဆောင်ဖို့ အပါအဝင် မြို့ပြ စစ်ဆင်ရေးနှင့် စခန်းသိမ်းတိုက်ပွဲတွေအတွက် အထူးကွန်မန်ဒို ရဲဘော်တွေ လေ့ကျင့်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းတိုင်း၊ တပ်မဟာ(၇) - တပ်ရင်း (၇၀၃)က သတင်း ထုတ်ပြန်ပါတယ်။

"တပ်ရင်း ၇၀၃၊ အထူးတိုက်ခိုက်ရေး ကွန်မန်ဒို တပ်ဖွဲ့၏ လေ့ကျင့်နေမှုများကို အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်ပြန်အပ်ပါသည်။ ယခုသင်ခန်းစာသည် အထပ်မြင့် အဆောက်အဦးများတွင် တိုက်ပွဲဖော်ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ လက်ရှိကွန်မန်ဒိုတပ်ဖွဲ့သည် မြို့ပြစစ်ဆင်ရေးနှင့်စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင် ရည်ရွယ်လေ့ကျင့်နေခြင်း ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးအပ်ပါသည်"လို့ တပ်မဟာ(၇)၊ တပ်ရင်း(၇၀၃)က ဖော်ပြပါတယ်။

ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေဟာ အချိန်ယူ လေ့ကျင့်ရတာမို့ အများပြည်သူရဲ့ ထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

"ကွန်မန်ဒိုတပ်ဖွဲ့သည် အချိန်ယူလေ့ကျင့်သင်ကြားပေးရသည့် အထူးတပ်ဖွဲ့ဖြစ်၍ မိဘပြည်သူများ၏ ကူညီထောက်ပံ့မူများသည် မရှိမဖြစ်လိုအပ်ပါသည်။ သို့ဖြစ်၍ မိဘပြည်သူ့များအနေဖြင့် ကျွန်တော်တို့တပ်ရင်းအတွက်ငွေကြးနှင့်လက်နက်ခဲယမ်းဖိုးလိုအပ်ချက်များကို ကူညီပေးကြဖို့ မေတ္တာရပ်ခံပါသည်" လို့ တပ်မဟာ(၇)၊ တပ်ရင်း(၇၀၃)က ဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းတိုင်း၊ တပ်မဟာ(၇) - တပ်ရင်း (၇၀၃)ဟာ မကွေးတိုင်းအခြေစိုက် တပ်ရင်းတစ်ခု ဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က တစ်နှစ်အတွင်း ဖက်ဆစ်တပ်ကို အမြစ်ဖြတ် တိုက်ထုတ်မယ်လို့ ကြေညာထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #PDF #တပ်မဟာ၇ #တပ်ရင်း၇၀၃ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ