ခင်ဦး အင်းပတ်ရွာထဲ ဝင်မွှေ မီးရှို့နေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်၊ စကစ (၁၇)ယောက် သေဟုဆို၊

ခင်ဦး အင်းပတ်ရွာထဲ ဝင်မွှေ မီးရှို့နေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်၊ စကစ (၁၇)ယောက် သေဟုဆို၊

MFP၊ စက်တင်ဘာ - ၂၄

စစ်ကိုင်းတိုင်း ခင်ဦးမြိုနယ် အင်းပတ်ရွာထဲ ဒီမနက်ပိုင်းက စတင်ပြီး ဝင်မွှေ၊ လုယက်၊ သောင်းကျန်းကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စကစ (၁၇)ယောက် ထက်မနည်း သေဆုံးတယ်လို့ ခင်ဦးနယ် Spring Special Task Force- MRDA ခွဲ -K.U က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၄)ရက် မနက်(၉)နာရီက အင်းပတ်ရွာထဲ ဝင်မွှေသောင်းကျန်း မီးရှို့နေတဲ့ စစ်အုပ်စုကို ခင်ဦး PDF ၊ ပကဖ နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

"local pdf အဖွဲတွေနဲ့ ခင်ဦး ပကဖ ၊ ခင်ဦး pdf တွေ စုတိုက်ကြတဲ့ ပွဲပါဘဲခင်ဗျ။ အဝေးပစ်၊ ကျကွဲ၊ ဒရုန်း၊မောင်းပြန် ရှိသလောက်နဲ့ တူမီးရှိတာအကုန်ထုတ် တိုက်ကြပါတယ်"လို SSTF (MRDA တပ်ခွဲ - ခင်ဦး) တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် အင်းပတ်ရွာနှင့် မီးရထားသံလမ်းသာ ခြားတဲ့ ရွာသစ်ကုန်းရွာထဲက ပျူနှင့် စစ်အုပ်စု အင်အား (၇၀)ခန့် အထိုင်ချနေတဲ့ ရွာသစ်ကုန်း ပျူစခန်းကိုလည်း SSTF (MRDA ခွဲ)က ဒရုန်းနဲ့ အီနာဂါ ဗုံးသီး သုံးလုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို ဖော်ပြပါတယ်။

အင်းပတ်ရွာထဲ ဒီမနက်ပိုင်းက စတင်ပြီး စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့နေရာ နေအိမ်အလုံး (၂၀)ခန့် ပျက်စီးသွားတယ်လို့ ကနဦး သိရပြီး ကျေးရွာအတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေ အသေးစိပ်ကိုတော့ မသိရသေးဘူးလို Spring Special Task Force- MRDA ခွဲ -K.U တပ်ဖွဲ့ဝင် ရဲဘော်က ပြောပါတယ်။

လက်ရှိမှာ ခင်ဦးမြို့နယ် အင်းပတ်ရွာနှင့် အနီးဝန်းကျင် ရွာတွေထဲ စစ်အုပ်စုက အဖွဲ့တွေခွဲကာ ဝင်မွှေလုယက် ဖောက်ထွင်းခိုးယူနေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ တော်လှန်ရေး တပ်ဖွဲတွေက ပြောပါတယ်။

စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့သွားတဲ့ ခင်ဦးမြို့နယ် အင်းပတ်ရွာထဲက နေအိမ်တချို့/Photo – CJ

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ခင်ဦး #အင်းပတ်ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ