ကန့်ဘလူမှာ ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀ ရဲ့ ကားကို မိုင်းဖောက်ခွဲ တိုက်ခိုက်၊ ကားပျက်စီးပြီး ထိခိုက်မှု ရှိနိုင်ဟုဆို၊

ကန့်ဘလူမှာ ပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀ ရဲ့ ကားကို မိုင်းဖောက်ခွဲ တိုက်ခိုက်၊ ကားပျက်စီးပြီး ထိခိုက်မှု ရှိနိုင်ဟုဆို၊

MFP ၊ စက်တင်ဘာ - ၃၀

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောက္ကရှပ်ရွာအနီးမှာ ဒီမနက်ပိုင်း ကန့်ဘလူနယ် ပျူစောထီးအဖွဲ့ ခေါင်းဆောင်၊ သင်္ကန်းဝတ် ဝါသဝရဲ့ ကားကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကားထိမှန် ပျက်စီးမှု ရှိခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း (၁၆) – TRF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၃၀)ရက် မနက်(၁၁)နာရီက ကန့်ဘလူမြို့နယ်၊ တောက္ကရှပ် နှင့် မှော်တော်ရွာကြားမှာ ပျူခေါင်းဆောင် သကွန်းဝတ် ဝါသဝရဲ့ ကားကို မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။

“တောက္ကရှပ် နှင့် မှော်တော်ရွာကြား ချောင်းအနောက်ဖက် လယ်ကျင်းလျိူ အနီးတွင် တပ်ရင်း (၁၆)- (TRF) ထောင်ထားသည့် အဝေးထိန်း မိုင်းဖြင့် မှော်တော ဆရာတော် ပျူခေါင်းဆောင် ဝါသ၀ ပါလာသော ကားအားမိုင်းဆွဲ တိုက်ခိုက်ရာ ကားရှေ့ခန်း ခေါင်းပျက်စီး၊ ကားနှိုးမရ။ အခြားကား အကူဖြင့် ကြိုးဆွဲကာ မှော်တော ကျောင်းထဲ ဝင်သွားဟု သိရ။ ထိခိုက်မှုများ ရှိနိူင်ပါတယ်” လို့ TRF က ဖော်ပြပါတယ်။

သင်္ကန်းဝတ် ဝါသ၀ ဦးဆောင်တဲ့ ကန့်ဘလူနယ်က ပျူတွေဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး လက်နက်အားကိုးနဲ့ ရွှေဘိုနှင့် ကန့်ဘလူနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာလို့ ဒေသခံ တွေက ပြောပါတယ်။

ကန့်ဘလူက ဝါသ၀ ဦးဆောင်တဲ့ ပျူတွေကို စစ်အုပ်စုက လက်နက်နဲ့ ခိုးရာပါ ပစ္စည်းတွေ ထောက်ပံ့ပေးကာ လက်သပ်မွေးထားပြီး ဒေသတွင်း ပြည်သူအချင်းချင်း အကြမ်းဖက် သတ်-ဖြတ်စေဖို့အတွက် ပျူတွေကို ခိုင်းစေနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

သင်္ကန်းဝတ် ဝါသ၀ ဦးဆောင်တဲ့ ကန့်ဘလူနယ်က ပျူတွေကို စစ်အုပ်စုက လက်နက်ပေး၊ ခိုးရာပါ ပစ္စည်း ခွဲဝေပေးပြီး ပြည်သူ့စစ်အမည်ခံ အဖွဲ့တွေ ဖွဲ့ပေးထားစဉ်/Photo – S

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ပျူ #ဝါသ၀ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ