ဝမ်းတွင်းနယ် တဲစုရွာက ပျူအဖွဲ့ဝင်ဆိုသူတစ်ဦး ဒီမနက်ပိုင်း အသ-တ်ခံရ၊

ဝမ်းတွင်းနယ် တဲစုရွာက ပျူအဖွဲ့ဝင်ဆိုသူတစ်ဦး ဒီမနက်ပိုင်း အသ-တ်ခံရ၊

MFP ၊ စက်တင်ဘာ - ၁၂

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာက ဦးမင်းဌေး ဆိုသူ ဒီမနက်ပိုင်း ရွာအပြင် လယ်ကွက်ထဲ အသ-တ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဌေး ဆိုသူဟာ ပျူစောထီး သင်တန်းဆင်းဖြစ်ပြီး စစ်အုပ်စုနဲ့ ပေါင်းပြီး လောင်းကစား ဝိုင်းတွေ ဦးဆောင် လုပ်ကိုင်နေသလို ဒေသခံ ပြည်သူတွေကို ဒုက္ခပေးနေတာကြောင့် ဒီနေ့ စက်တင်ဘာ(၁၂)ရက် မနက် (၉)နာရီက ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု (WTRF)က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၄) ရက်ကလည်း PDF တွေကို စစ်တပ်နဲ့ ထောင်ဖမ်းမယ်လို့ ကြွေးကြော်ထားတဲ့ ဝမ်းတွင်းမြို့နယ် ခင်ကြီးရွာက ပျူသင်တန်းဆင်း နဂါး(ခ) ဇော်လွင်ဌေးဆိုသူကို WTRF က ရှင်းလင်းခဲ့ပါသေးတယ်။

ဒါ့အပြင် ပြည်သူလုထု ဒုက္ခရောက်စေဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတဲ့ ဝမ်းတွင်းနယ်ထဲက လောင်းကစားဝိုင်းတွေကို အရေးယူမယ်လို့လည်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု - WTRF က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #ပျူစောထီး #လောင်းကစားဝိုင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ