ဒီပဲယင်းမြို့အဝင် စစ်အုပ်စု ဂိတ်တွေကို စီးနင်းတိုက်ခိုက်၊ စကစ လေးယောက် သေပြီး ရှစ်ယောက် ဒဏ်ရာရ၊

ဒီပဲယင်းမြို့အဝင် စစ်အုပ်စု ဂိတ်တွေကို စီးနင်းတိုက်ခိုက်၊ စကစ လေးယောက် သေပြီး ရှစ်ယောက် ဒဏ်ရာရ၊

MFP ၊ စက်တင်ဘာ - ၈

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့က စစ်အုပ်စုရဲ့ မြို့အဝင်အထွက် ငွေကောက်ခံတဲ့ဂိတ်နှစ်ခုကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အလစ်အငိုက်ချောင်းကာ ရှော့ဒုံးတွေနဲ့ ပစ်ခတ်ပြီး စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေပြီး ရှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒီပဲယင်းဒေသ ကာကွယ်ရေး တပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၈)ရက် မနက်(၆)နာရီကျော်က ဒီပဲယင်းမြို့ တောင်ဘက်အထွက်က စစ်အုပ်စုရဲ့ ဂိတ်ကို ရှော့ဒုံး ခြောက်လုံးနဲ့ တိုက်ခိုက်ပြီး တင်းတိမ်ရံရွာဘက်အထွက် ဂိတ်ကို ရှော့ဒွုးနှစ်လုံးနဲ့ ပစ်ခတ်ကာ မိတာ (၅၀)အကွာအထိ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီပဲယင်း စစ်ဆေးရေးဂိတ်များအား တိုက်ခိုက်မှု စတင်ခဲ့ပါသည်။ ပထမ ဒီပဲယင်းတောင်ဘက် အထွက် ကသစ်အိမ်တွင် ရှိသော ခွေးဂိတ်၊ ဒီပဲယင်းခွေးခြံကို ရှော့ဒုံး ခြောက်လုံးဖြင့် ပစ်ခက်တိုက်ခိုက်ပြီး တင်းတိန်ရံဘက် အထွက် စစ်ဆေးရေး ခွေးဂိတ်ကို ရှော့ဒုံး နှစ်လုံး အရင် ပစ်လွှတ်၍ လက်နက်ငယ်အဖွဲ့က မီတာ (၅၀)အတွင်းထိ ဝင်ရောက်၍ အလစ်အငိုက် ဝင်တိုက်ရာ ခွေး လေးကောင် သေ၍ ရှစ်ကောင် ဒဏ်ရာရရှိကြောင်း သတင်း ရရှိပါသည်” ဒီပဲယင်း ကောင်းကင် PDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို ဒီပဲယင်းဒေသ ကာကွယ်ရေး တပ်ဖွဲပတွေ ဖြစ်တဲ့ ကောင်းကင် PDF၊ ဗိုလ်ဇေယျ PDF၊ တပ်ရင်း (၁၂)၊ မိုက်ခဲ PDF၊ ရေကျော်ဖိုက်တာ၊ သရဲ PDF နှင့် ဒေသကာကွယ်ရေး မဟာမိတ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ငွေတောင်းတဲ့ ဂိတ်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မနက်(၇)နာရီဝန်းကျင်မှာ ဒီပဲယင်း ခွေးခြံ ခေါ် ရဲစခန်းထဲကနေ စိန်ပန်းပင်ချောင်းဘောင်နှင့် သုခါရုံအနီးက လယ်ကွင်းတွေထဲ ရမ်းကားပစ်ခတ်တာတွေ လုပ်နေသလို ဆရာစံ ကြေးရုပ်ဘက်မှာလည်း ရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မနက်(၁၁)နာရီကျော်အထိ ဒီပဲယင်းမြိုကပေါ် ရမ်းကား သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဒီပဲယင်းနယ်ထဲ ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #မြို့အဝင်ဂိတ် #ကောင်းကင် #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ