ကနီ ချောင်းမရွာကို စစ်အုပ်စု ဝင်မွှေလုယက်ပြီး ဒေသခံ ငါးဦးကို သ-တ်-ဖြတ်၊ ခရီးသွားကားတွေကို မီးရှို့ဖျက်ဆီးပြီး ဆက်လက် သောင်းကျန်းနေ၊

ကနီ ချောင်းမရွာကို စစ်အုပ်စု ဝင်မွှေလုယက်ပြီး ဒေသခံ ငါးဦးကို သ-တ်-ဖြတ်၊ ခရီးသွားကားတွေကို မီးရှို့ဖျက်ဆီးပြီး ဆက်လက် သောင်းကျန်းနေ၊

MFP ၊ သြဂုတ် - ၂၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး - ကလေး၀ ကားလမ်းပေါ်က အချက်အချာကျတဲ့ ချောင်းမရွာကို စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်းပြီး ဒေသခံ ငါးဦး ထက်မနည်းကို သ-တ်-ဖြတ်ခဲ့သလို ခရီးသွားကားတွေနှင့် ဆိုင်ကယ်တွေကိုလည်း လုယက်ဖျက်ဆီး မီးရှို့သွားတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ သြဂုတ်(၂၆)ရက်မှာ ချောင်းမရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ပြီး ဒေသခံတွေကို သ-တ်-ဖြတ် သလို ခရီးသွား ကားတွေကိုလည်း ဖမ်းဆီးငွေညှစ် မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိမှာ ကားလမ်းဘေး အလောင်း ငါးလောင်းနှင့် မီးလောင်ပျက်စီးနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။

“မုံရွာ- ယာကြီး- ကလေးဝ ကားလမ်း ချောင်းမရွာတွင် ယမန်နေ့ (ဩဂုတ်၂၆)ရက်က စကစများ ဝင်ရောက်ခဲ့ရာ ပြည်သူ ငါးဦးကို သ-တ်-ဖြတ်ခဲ့သည်။ ဖမ်းဆီး သ-တ်-ဖြတ်ခံရသော ပြည်သူမှာ ယခု ရုပ်အလောင်း တွေ့ရှိရသည်ထက် ပိုမို ရှိနိုင်သေးသည်။ ၎င်း သ-တ်-ဖြတ်ခံရသော ပြည်သူ ငါးဦး၏ ရုပ်အလောင်းများကို ချောင်းမ - ကနီ လမ်းခွဲ အနောက်ဘက်တွင် တွေ့ရှိခဲ့ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း အတည်မပြုနိုင်သေးပါ။ စစ်ကြောင်းထိုးခဲ့သော စကစများသည် မုံရွာ - ယာကြီး - ကလေးဝ လမ်းအနီး ခရီးသွား ကား လေးစီး ၊ ဆိုင်ကယ် နှစ်စီးကို မီးရှို့ ဖျက်ဆီးခဲ့သည်” လို့ ကနီဒေသခံ ကိုပြည့်အောင်နိုင်က ဆိုပါတယ်။

စစ်အုပ်စုဟာ ဒီမနက်ပိုင်းမှာ ချောင်းမရွာထဲက ထွက်ကာ ချောင်းမ - ကနီ လမ်းဘေးရှိ သင့်ဝင်၊ မင်းမ၊ သမင်ခြံရွာတွေဘက် နှစ်စုခွဲကာ ဆက်လက်ဝင်မွှေ သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

ကနီနယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရာသီဥတု ဆိုးရွာနေပေမယ့် စစ်အုပ်စု သောင်းကျန်းနေလို့ ကျေးရွာအုပ်စု ခြောက်စုက ဒေသခံပြည်သူ (၂၀၀၀၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကနီနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို ဖုန်းနှင့် အင်တာနက်တွေ ဖြတ်တောက်ထားကာ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း သ-တ်-ဖြတ် နေတာ ဖြစ်ပါတယ်။

ကနီနယ်၊ ချောင်းမရွာကို စစ်အုပ်စု ဝင်မွှေလုယက် သောင်းကျန်းကာ ဒေသခံတွေကို သ-တ်-ဖြတ်သွားစဉ်/Photo - ပြည့်အောင်နိုင် (ကနီ)

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ချောင်းမ #ရွာ #ဒေသခံ #မီးရှို့ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ