မတ္တရာမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး သောင်ကျန်းနေတဲ့ သရက်တောရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊

မတ္တရာမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး သောင်ကျန်းနေတဲ့ သရက်တောရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊

MFP ၊ နိုဝင်ဘာ - ၁၁

မန္တလေးတိုင်း မတ္တရာမြို့နယ် သရက်တောကျေးရွာက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး အောင်ကျော်ဝင်း ဆိုသူ နိုဝင်ဘာ (၉) ရက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်ဝင်းဟာ နိုဝင်ဘာ(၉)ရက်က သရက်တောရွာက စားသောက်ဆိုင်မှာ ထိုင်နေချိန် ဆိုင်ကယ်နှစ်စီးနဲ့ လူခြောက်ယောက် ရောက်လာပြီး ဆိုင်အနောက်ဘက်ကို ခေါ်ဆောင်ကာ သေနတ်နဲ့ ပစ်ခတ်လို့ ငေဆုံးတာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

သေဆုံးသူ အောင်ကျော်ဝင်းဟာ မတ္တရာမြို့နယ် သရက်တောအုပ်စု ဗောဓိကျေးရွာရဲ့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှုး အနေနဲ့သာ မကဘဲ မတ္တရာနယ် ပျုခေါင်ဆောင်အဖြစ် တာဝန်ယူထားပြီး စစ်အုပ်စုနဲ့ ပေါင်းကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ပြည်သူကို ရန်ပြု သောင်းကျန်းနေတာကြောင့် သေနတ်နဲ့ သုံးချက်ပစ်ခတ်ခဲ့ရာက သေဆုံးတာလို့ ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လုယက်ဓားပြတိုက်တာ၊ မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေပြီး စစ်အုပ်စုရန်ကြောင့် ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ