ရေစကြို ဂွေးချိုရွာက စစ်အုပ်စုကို တော်လှန်ရေးအဖွဲ့ ကိုးဖွဲ့ ပေါင်းပြီး တိုက်ခိုက်၊ စကစ နှစ်ယောက်သေ ဟုဆို၊

ရေစကြို ဂွေးချိုရွာက စစ်အုပ်စုကို တော်လှန်ရေးအဖွဲ့ ကိုးဖွဲ့ ပေါင်းပြီး တိုက်ခိုက်၊ စကစ နှစ်ယောက်သေ ဟုဆို၊

MFP၊ စက်တင်ဘာ - ၂၇

မကွေးတိုင်း၊ ရေစကြိုမြိုနယ် ဂွေးချိုရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ ကိုးဖွဲ့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေပြီး လေးယောက် ဒဏ်ရာရတယ်လို့ ပခုက္ကူမြိုပြ ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ(၂၇)ရက် မနက်(၈)နာရီက ရေစကြိုမြို့နယ်၊ ဂွေးချိုရွာထဲက စစ်အုပ်စုကို ပခုက္ကူခရိုင် အခြေပြု တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ ပခုက္ကူမြိုပြ ပြောက်ကျားတပ်ဖွဲ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ - ရေစကြိုမြိုနယ် (ပ.က.ဖ)၊ Urban Underground Revolution Force-YSO (UURF)၊ Yesagyo Revolution Group - YRG၊ Shwe Nyar Myae People Defence Force၊ King Cobra၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ၊ Royal Defence Force – YRD နှင့် Pakokku Ranger စတဲ့ မဟာမိတ် ကိုးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဆင်ချောင်း၊ ဟင်္သာ၊ ဆင်မရဲ မှ စခ၊ ပခ တပ်ကူများ ရောက်ရှိလာသောကြောင့် မဟာမိတ်ရဲဘော်များ ဆုတ် ခွာခဲ့ပါသည်။ မိမိတို ပြည်သူ့ရဲဘော်များ အထိအခိုက် မရှိခဲ့ပါ"လို ပခုက္ကူမြိုပြ ပျောက်ကျားတပ်ဖွဲက ဖော်ပြပါတယ်။

ရေစကြိုနယ် ဂွေးချိုရွာမှာ စစ်အုပ်စုကို ထောက်ခံအားပေးနေတဲ့ ပျူစောထီးအများစု ရှိနေပြီး စစ်အုပ်စုက လါန်ခဲ့တဲ့ ခြောက်လခန့်ကတည်းက ပျူစခန်းဖွင့်လှစ်ထားကာ ရေစကြို တပ်ရင်း (၂၅၈)က စစ်ကောင်စီ တပ်သား အင်အား (၇၀)လောက် အထိုင်ချ တပ်စွဲနေတယ်လို့ ဆိုပါတယ်။

ဂွေးချိုရွာ ပျူစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ထုံးစံအတိုင်း အနီးအနား ရွာက ဒေသခံပြည်သူတွေကို ရန်ပြု သောင်းကျန်း နိုင်တာကြောင့် ဒေသခံပြည်သူတွေ သတိထား သွားလာကြဖို တော်လှန်ရေး အင်အားစုတွေက အသိပေး ထုတ်ပြန်ထားပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ဂွေးချို 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ