တန့်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊

တန့်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊

MFP ၊ စက်တင်ဘာ - ၈

စစ်ကိုင်းတိုင်း တန့်ဆည်မြို့က မြန်မာ့စီးပွားရေးဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ သတင်း ရရှိပါတယ်။

ဒီနေ့ စက်တင်ဘာ(၈)ရက် မနက်(၂)နာရီလောက်က တန့်ဆည်မြို့ပေါ်က ဘဏ်အစောင့် စစ်အုပ်စုကို တန့်ဆည် PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇) ရဲဘော်တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တန့်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်ခွေးအင်အား (၁၅)ယောက်ခန့်ကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇) ရဲဘော်များက ယနေ့ (စက်တင်ဘာ၈) နံနက်အစောပိုင်း (၁)နာရီ (၄၅)မိနစ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ဘဏ်အတွင်း ကင်းပုန်းချထား‌သော စစ်ခွေးများ ထိခိုက်သေဆုံးမှု များနိုင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သတင်းကောင်းပါးအပ်ပါသည်” လို့ တန့်ဆည် ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ တန့်ဆည် အပါအဝင် ရွှေဘိုနယ်ထဲ ဖုန်းနှင့် အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ဘဏ် #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ