MFP ၊ စက်တင်ဘာ - ၇
မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းကျေးရွာက Non-CDM အလယ်တန်းပြဆရာမတစ်ဦး မနေ့က အသ-တ်ခံရပြီးနောက် စစ်အုပ်စုဟာ ဒီမနက်မှာ ကင်းကျေးရွာထဲ အင်အားတိုးချဲ့နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ (၆)ရက်နေ့က Non-CDM ဆရာမ ဒေါ်အိခိုင်ဟာ ကင်းကျေးရွာ နေအိမ်မှာရှိနေချိန် ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦး ရောက်လာပြီး ပစ္စတိုနဲ့ တစ်ချက်ပစ်ခတ်ကာ ဓားနဲ့ ထိုးခုတ်ခဲ့တဲ့အတွက် လည်ပင်ထိုးသွင်းဒဏ်ရာ၊ ယာပုခုံးပြတ်ရှဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ယာနားနောက်ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၃)ချက်၊ ယာပါးပြတ်ရှဒဏ်ရာ (၃)ချက်တို့ ရရှိခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ စစ်အုပ်စုလော်ဘီတွေဘက်က သတင်းဖြန့်ထားပါတယ်။
ဆရာမ အသ-တ်ခံရတဲ့နောက်ဆက်တွဲအဖြစ် ကင်းကျေးရွာထဲက နေအိမ်အချို့ကို ဒီမနက် (၇)နာရီကျော်အချိန်ကစပြီး စစ်အုပ်စုဟာ မီးရှို့ဖျက်ဆီးနေကာ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် မနက် (၁၀)နာရီခွဲလောက်မှာလည်း အိမ်စီးကား နှစ်စီး၊ DC သုံးစီးနဲ့ ကင်းရွာထဲကို အင်အားတိုး ဝင်ရောက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆရာမ အသ-တ်ခံရတာ ဘာကြောင့်ဆိုတာနဲ့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ကင်းရွာ #NonCDM #ဆရာမ
မတ္တရာမှာ Non-CDM အလယ်တန်းပြဆရာမတစ်ဦး အသ-တ်ခံရပြီးနောက် စစ်အုပ်စုက ကင်းကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024