မန္တလေးမှာ နယ်မြေစိုးမိုးဖို့ဆိုပြီး စစ်အုပ်စုက ရပ်ကွက်တွေမှာ လိုက်လံတွေ့ဆုံနေ

မန္တလေးမှာ နယ်မြေစိုးမိုးဖို့ဆိုပြီး စစ်အုပ်စုက ရပ်ကွက်တွေမှာ လိုက်လံတွေ့ဆုံနေ

MFP ၊ ဩဂုတ် - ၃၁

မန္တလေးမြို့ပေါ်မှာ နယ်မြေစိုးမိုးဖို့အတွက်ဆိုပြီး စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေမှာ ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်အတွင်းမှာ စစ်ကြောင်းကြီး (၅)ကြောင်းနဲ့ နယ်မြေစိုးမိုးဖို့အတွက် မနေ့က ကဉ္စနမဟီရပ်ကွက်ထဲက ဒေသခံအချို့နဲ့ စကစ အုပ်ချုပ်ရေးအဖွဲ့တွေ တွေ့ဆုံခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်မှု မရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ပန်းခင်းစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေ လွယ်ကူစွာ ပြုလုပ်နိုင်ရေး၊ မီးဘေးအန္တရာယ်​ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနဲ့ ပညာသင်ယူခွင့်ရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကိစ္စတွေကို ပြောဆိုခဲ့ကြတယ်လို့လည်း ပွဲတက်ရောက်သူအချို့က ဆိုပါတယ်။

တွေ့ဆုံပွဲကို မြို့နယ်အဆင့်ပုဂ္ဂိုလ်တွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ၊ ရာအိမ်မှူးတွေကိုပါ တက်ရောက်စေခဲ့ပြီး ပြည်သူတွေကို တစ်အိမ်တစ်ယောက် တက်ခိုင်းခဲ့တယ်လို့ ပွဲတက်ရောက်သူအချို့ဆီက သိရပါတယ်။

ချမ်းအေးသာစံမှာ မနေ့ကပြုလုပ်ခဲ့တဲ့ စကစရဲ့ တွေ့ဆုံပွဲ/ ဓာတ်ပုံ - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နယ်မြေစိုးမိုးရေး #ချမ်းအေးသာစံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ