MFP ၊ စက်တင်ဘာ - ၁၃
ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသား ငြင်းပယ်ရေးအတွက် မန္တလေးမြို့ အထင်ကရ စျေးချိုတော်မှာ အစစ်ဆေး အဖမ်းအဆီးတွေကြားက ဒီကနေ့ စက်တင်ဘာ(၁၃)ရက် မနက်ပိုင်းပိုင်းမှာ သံဃသမဂ္ဂရဟန်းတော်တစ်ပါးက “ UN Prove Your Exsitence for Justice “ စာသားကိုင်ဆောင်ကာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။