မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ကို စစ်အုပ်စုက ထောင်ဒဏ် (၇)နှစ် ချမှတ်

မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ကို စစ်အုပ်စုက ထောင်ဒဏ် (၇)နှစ် ချမှတ်

MFP ၊ ဩဂုတ် - ၂၉

မန္တလေးတိုင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်(ခ) မဂျူး ကို စစ်အုပ်စုက ဒီနေ့မှာ ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

မသဲစုနိုင်ကို စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်မှာ နေအိမ်မှာ သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး (၉)လကြာ အမှုရင်ဆိုင်ပြီးနောက် အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးတဲ့နောက် မသဲစုနိုင်ရဲ့ ခြေထောက်ကျိုးသွားပြီး အခုထိ အကောင်းအတိုင်း မဖြစ်သေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မသဲစုနိုင်ဟာ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သလို CDM ဆရာမတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က ပညာရေးသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုလည်း ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့် ဖမ်းဆီးထောင်ချထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိတ္ထီလာ #ကျောင်းသားသမဂ္ဂ #CDMဆရာမ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ