စစ်အုပ်စုက ဩဂုတ် (၂၂) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာသုံးရွာကို မီးရှို့

စစ်အုပ်စုက ဩဂုတ် (၂၂) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာသုံးရွာကို မီးရှို့

MFP ၊ ဩဂုတ် - ၂၃



စစ်အုပ်စုဟာ ဩဂုတ်လ (၂၂) ရက်နေ့မှာ စစ်ကိုင်းတိုင်းထဲက ရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။



ကန့်ဘလူမြို့နယ်က ညောင်ကုန်းရွာမှာ နေအိမ် အလုံး (၃၀) နဲ့ ကသာမြို့နယ်က ဘန့်ဘွေးကုန်းရွာ(မသိရသေး)၊ ထီးချိုင့်မြို့နယ်က ရေဖြူလွင်ရွာ(မသိရသေး)တို့ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။



ခင်ဦးမြို့၊ ဗိုလ်ချုပ်ကြေးရုပ် လမ်းသုံးခွအနီးက လူမနေတဲ့ ကျော်စည်ဟိန်းစားသောက်ဆိုင်မှာ ဩဂုတ် (၂၂) ရက် မနက် (၇) နာရီက အပြင်းစား ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ရွှေရည်ဝင်းလက်ဖက်ရည်ဆိုင်မှ မောင်ရဲဝင်းထွဋ် (၂၀နှစ်)ဟာ မိုင်းစထိမှန်ကာ သေဆုံးခဲ့ပြီး အခြားသူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။



စစ်ကိုင်းတိုင်းမှာ ဒီလအတွင်း စစ်အုပ်စု သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူ (၇၀) ကျော်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။



စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော် အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။



MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေအိမ်မီးရှို့ #မီးရှို့ဖျက်ဆီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ