မကွေး PRA တပ်ဖွဲ့က ပြည်သူ့ထောက်ပံ့လှူဒါန်းငွေနဲ့ RPG ဝယ်ယူ၊ ဖက်ဆစ်တပ်ကို ပိုပြီး တိုက်ခိုက်နိုင်တော့မယ်ဟုဆို၊

မကွေး PRA တပ်ဖွဲ့က ပြည်သူ့ထောက်ပံ့လှူဒါန်းငွေနဲ့ RPG ဝယ်ယူ၊ ဖက်ဆစ်တပ်ကို ပိုပြီး တိုက်ခိုက်နိုင်တော့မယ်ဟုဆို၊

MFP ၊ သြဂုတ် - ၂၀

မကွေးတိုင်း အခြေပြု ပြည်သူ့တော်လှန်ရေး တပ်မတော် - People revolution army (PRA) က အများပြည်သူရဲ့ ထောက်ပံ့လှူဒါန်းငွေနဲ့ RPG လက်နက်ကြီး ဝယ်ယူခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

RPG ကို PRA တပ်ရင်း(၃)ထံ လွှဲပြောင်းပေးခဲ့ပြီး ဖက်ဆစ်တပ်ကို ယခုထက် ပိုမို တိုက်ခိုက်နိုင်တော့မယ်လို့ PRA ခေါင်းဆောင် ဗိုလ်ဂျပန်က ဆိုပါတယ်။

“ပြည်သူတွေ လှူဒါန်းငွေနဲ့ ရောက်ရှိ ရောက်ရှိလာတဲ့ ဖျက်အားပြင်း (R ကြီး) ကို လက်သံပြောင်လှသည့် PRA တပ်မတော် တပ်ရင်း(၃)သို့ ယနေ့လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ပြည်သူ့ မျက်နှာကလွဲပြီး ဘယ်မျက်နှာမှ မကြည့်နိုင်ဘူးဆိုတဲ့ PRA တပ်မတော် တပ်ရင်း(၃)အနေဖြင့် စကစ ကို ဒီထက်မက ရင်ဆိုင်နိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်” လို့ ဗိုလ် ဂျပန် က ဆိုပါတယ်။

လက်ရှိမှာ မကွေးတိုင်းထဲ မွှေနေတဲ့ ဖက်ဆစ်တပ်နှင့် PRA တပ်ဖွဲပတွေ မကြာခဏ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #PRA #RPG #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ