MFP ၊ ဩဂုတ် - ၁၀
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက ရဲစခန်းဂိတ်အစောင့် စကစရဲတစ်ယောက်ဟာ သူကိုင်ထားတဲ့သေနတ်ကနေ ကျည်ထွက်ပြီး ခြေထောက်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။
မနေ့က ည (၈)နာရီကျော်အချိန်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ကျည်ဆံက သူ့ရဲ့ ခြေဖမိုးကို ဖောက်ဝင်သွားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ထပ်မံ သိရပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သေနတ်ကျည်ထွက်
မန္တလေးက ရဲစခန်းဂိတ်အစောင့် စကစတစ်ယောက် သေနတ်ကျည်ထွက်ပြီး ခြေထောက်မှန်
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024