မြင်းခြံက စကစခန့်အုပ်ကြီးနဲ့ ပျူစောထီးတို့ကို ရှင်းလင်း၊ ဗုံးသီးတစ်လုံး ရရှိ

မြင်းခြံက စကစခန့်အုပ်ကြီးနဲ့ ပျူစောထီးတို့ကို ရှင်းလင်း၊ ဗုံးသီးတစ်လုံး ရရှိ

MFP ၊ ဩဂုတ် - ၄

မန္တလေးတိုင်း မြင်းခြံမြို့နယ်က စကစခန့် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေး ပျူစောထီးတို့ကို မနေ့က သုတ်သင်ခဲ့တယ်လို့ မြင်းခြံ PDF က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၃)ရက် ည (၇)နာရီခန့်မှာ စကစခန့်အုပ်ကြီး မောင်မြင့်နဲ့ ပျူစောထီး မောင်နိုင်တို့ကို ကျောက်ပြုတ်ရွာနဲ့ လယ်သစ်ရွာကြားမှာ လေးချက်ဆီ ပစ်ခတ်ပြီး သုတ်သင်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဆီကနေ ဗုံးသီးတစ်လုံး၊ ဓားတစ်ချောင်းနဲ့ လေးခွတစ်ခုတို့ကို သိမ်းဆည်းခဲ့တယ်လို့လည်း ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #အုပ်ချုပ်ရေးမှူး #ပျူစောထီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ