Anonymous Force Mandalay မန္တလေး UG ရဲဘော်တွေ စုနေတဲ့အိမ် စီးနင်းခံရ၊ အဖွဲ့ဝင်တစ်ယောက် အဆက်အသွယ်ပြတ်နေပြီး Page ကို စစ်အုပ်စုက ထိန်းချုပ်ထားဟု ယူဆရ၊

Anonymous Force Mandalay မန္တလေး UG ရဲဘော်တွေ စုနေတဲ့အိမ် စီးနင်းခံရ၊ အဖွဲ့ဝင်တစ်ယောက် အဆက်အသွယ်ပြတ်နေပြီး Page ကို စစ်အုပ်စုက ထိန်းချုပ်ထားဟု ယူဆရ၊

MFP ၊ အောက်တိုဘာ - ၂၈

မန္တလေးမြို့ပြပြောက်ကျား Anonymous Force Mandalay - AFM အဖွဲ့ဝင်တွေ နေထိုင်တဲ့ နေအိမ် (Safe House) ယမန်နေ့ အောက်တိုဘာ(၂၆)ရက်က စီးနင်းခံရပြီး အဖွဲ့ဝင် ရဲဘော်တစ်ယောက် အဆက်အသွယ် ပြတ်နေတယ်လို့ အဖွဲ့ဝင် ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

"Safe House အစီးခံရလို့ ပြေးကြရင်းနဲ့ အဆက်အသွယ် ပြတ်သွားတာပါ။ Page လည်း ခွေးတွေ လက်ထဲ ပါသွားပြီ ထင်ပါတယ်။ အားလုံး သတိထားရအောင်လို့ပါ" လို့ Anonymous Force Mandalay - AFM ရဲဘော်က ဆိုပါတယ်။

အဆက်အသွယ် ပြတ်နေတဲ့ ရဲဘော်ဟာ ဖမ်းဆီးခံရတာ ဟုတ်၊ မဟုတ် အသေးစိတ် အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

AFM ဟာ တခြား မြို့ပြပြောက်ကျား မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး မန္တလေးက စစ်ကောင်စီ လက်နက်ကိုင်တွေနှင့် စစ်အုပ်စုထောက်တိုင်တွေကို ပြောက်ကျားတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုနှင့် ပျူတွေ တစတစ ပိုမို ကြီးစိုးသောင်းကျန်း လာနေပြီး လွန်ခဲ့တဲ့ လတွေကလည်း မန္တလေးမြို့ပြ ပြောက်ကျားရဲဘော်တွေ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #AnonymousForceMandalay 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ