မန္တလေး ဦးပွားတံတားအနီးက ရပ်ကွက်ရုံး ဗုံးထုခံရ၊ စကစ အုပ်ကြီး အပါအဝင် လေးယောက် ဒဏ်ရာရ၊

မန္တလေး ဦးပွားတံတားအနီးက ရပ်ကွက်ရုံး ဗုံးထုခံရ၊ စကစ အုပ်ကြီး အပါအဝင် လေးယောက် ဒဏ်ရာရ၊

MFP ၊ သြဂုတ် - ၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဦးပွား ခုံးကျော်တံတားအနီးက ချမ်းမြသာစည် တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး ဒီနေ့ ညဦးပိုင်းအချိန် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရပြီး စကစ အုပ်ကြီး အပါအဝင် လေးဦ ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ်(၁)ရက် ဒီနေ့ ည(၈)နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းမြသာစည်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို လူနှစ်ဦးက လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခဲ့ရာ ရပ်ကွက်ရုံးရှေ့က သဲအိတ်ဘန်ကာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး ဦးဝင်းဇော် (၄၅နှစ်)နှင့် ရပ်ကွက်ရုံး အစောင့်ကျနေသူ သုံးဦး၊ စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

ရပ်ကွက်ရုံး ဗုံးထုခံရပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး ဦးဝင်းဇော် (၄၅နှစ်)၊ ရပ်ကွက်ရုံးမှာ အစောင့်ကျနေသူတွေ ဖြစ်တဲ့ ဖြိုးသက်လင်း (၁၈နှစ်)၊ ကုလား (၂၀နှစ်)၊ နိုင်လင်း (၁၆ နှစ်)တို့ သုံးဦးလည်း ထိခိုက်ဒဏ်ရာရတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရပ်ကွက်ရုံးအနီး ရပ်ထားတဲ့ ဟွန်ဒါဖစ် ကားတစ်စီး နောက်မှန် ကြေမွပျက်ဆီးခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး စစ်အုပ်စုက ရမ်းကားသောင်းကျန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်မှုကို No more Dictatorship မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားခုံးကျော်တံတားအနီးက ချမ်းမြသာစည် တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ အစောင့်ကျတဲ့ စကစနဲ့ ပျူတွေဟာ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာ၊ ရန်ပြု သောင်းကျန်းတာတွေ မကြာခဏ လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရပ်ကွက်ရုံး ဗုံးခွဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရခဲ့သူ/Photo - ပေးပို့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ချမ်းမြသာစည် #ရပ်ကွက်ရုံး #ဗုံး #မြို့ပြပြောက်ကျား

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ