မန္တလေး ပြည်ကြီးတံခွန် မြို့သစ်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိ၊

မန္တလေး ပြည်ကြီးတံခွန် မြို့သစ်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိ၊

MFP ၊ အောက်တိုဘာ - ၂

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ် (EPC)ရုံး အနောက်ဘက် စက်မှုပန်းခြံလမ်းနှင့် (၁၂၈)လမ်းထောင့်၊ လမ်းဘေးမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်း ဒီညဦးပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူဟာ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး မည်သူမည်ဝါ မသိရသေးဘဲ အလောင်းကို ဆေးရုံကြီး ရင်ခွဲရုံ ပို့ခဲ့တယ်လို့ ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေး အသင်းက ဆိုပါတယ်။

“ဓါတ်ပုံပါ သေဆုံးသူရဲ့မိသားစု သိစေရန် ကူညီပေးကြပါဦးခင်ဗျာ။ ယနေ့ ညပိုင်း (၈)နာရီကျော်က ပြည်ကြီးတံခွန်မြို့နယ်၊ EPC ရုံးအနောက်ဘက် စက်မှုပန်းခြံလမ်း× ၁၂၈ လမ်းတွင် ခန္ဓာကိုယ်မှာ ထင်ရှားသော အမှတ်သားများမပါ၊ အသက် ၃၀ နှစ် ဝန်းကျင်အရွယ်ရှိ ပုံပါ အမျိုးသားတစ်ဦး ဘယ်ဘက်ရင်အုံ အောက်နှင့် ညာဘက် ခြေသလုံးတို့တွင် ထီုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အသင်းထံ ဖုန်းဆက် အကြောင်းကြားလာသဖြင့် ပြည်သူ့ဆေးရုံကြီးရှိ ရေခဲတိုက်သို့ ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေးအသင်း မှ ပို့ဆောင် ကူညီခဲ့ပါသည်။ သို့ပါသောကြောင့် ၎င်းDB ပိုင်ရှင်၏ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားချင်းများ သိရှိစေရန် ဝိုင်းဝန်းကူညီပေးပါဦးခင်ဗျာ” လို့ ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေး အသင်းက ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး လါန်ခဲ့တဲ့ ရက်ပိုင်းကလည်း မျန္တလေးမြို့ ချမ်းမြသာစည်မြိုကနယ်၊ (၇၈)လမ်းဘေးမှာ အဓမ္မပြုကျင့် အသတ်ခံထားရတဲ့ အသက်(၃၀)ဝန်းကျင်အရွယ် အမည်မသိ အမျိုးသမီးတစ်ဦးရဲ့ အလောင်း တွေ့ရှိခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ မုဒိန်း၊ ဓားပြစတဲ့ ရာဇဝတ်အကျဉ်းသားတွေ အားလုံးကို ထောင်က လွှတ်ပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #စက်မှုမြို့သစ် #ရွှေမဉ္ဇူ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ