MFP၊ သြဂုတ် - ၁
မုံရွာမြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်အရာရှိ၊ Non - CDM ဝန်ထမ်း၊ စကစ သတင်းပေးလည်း ဖြစ်တဲ့ ဦးသုခ ဆိုသူကို ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) - မုံရွာတပ်ခွဲက သတင်း ထုတ်ပြန်ပါတယ်။
ဒီကနေ့ သြဂုတ်(၁)ရက် မနက်(၇)နာရီက စစ်ကောင်စီ သတင်းပေး၊ စည်ပင်အရာရှိ ဦးသုခကို မုံရွာမြို ချမ်းမြသာစည်ရပ် ကွက်အတွင်းမှာ သေနတ်နဲ့ ခြောက်ချက် ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပထမအကြိမ် ကျည်နှစ်တောင့်သုံးပြီး အနီးကပ်နှစ်ချက် ပစ်ခတ်ရာမှာ ဦးသုခဟာ လမ်းပေါ်လဲကျသွားပြီး ချက် ချင်းမသေဘဲ လှုပ်နေသေးတာကြောင့် နောက်ထပ်လေးချက် ထပ်မံ ပစ်ခတ်ခဲ့ရာမှာ နေရာမှာတင် သေဆုံးနိုင်ချေ ရှိတယ်လို့ MRDA - မုံရွာတပ်ခွဲက တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
ဦးသုခဟာ မုံရွာမြို့နယ် စည်ပင်သာယာမှာ စစ်ကောင်စီ လက်အောက်ခံ Non - CDM ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသလို တော်လှန်ရေး အင်အားစုတွေနဲ့ UG တွေရဲ့ အချက်အလက်တွေကို စစ်အုပ်စုထံ သတင်းပေးနေတဲ့သူ ဖြစ်ပြီး ဦးသုခရဲ့ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူတွေထဲမှာ မုံရွာသပိတ်ခေါင်းဆောင်း ကိုဝေမိုးနိုင်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
"သူက စကစ စည်ပင်အရာရှိလို့ ကျွန်တော်တို့ သိထားပါတယ်ဗျ။ ပြီးတော့ ကျွန်တော်တို့ အဖွဲထဲကရော မုံရွာ UG တော်တော်များများကိုပါ ရရင် ရသလို သတင်းပေး ဖမ်းဆီးခိုင်းနေတာကို သိရပါတယ်။ ဦးသုခကို ကျွန်တော်တို ချောင်းနေတာ တော်တော်ကြာပါပြီ။ အခုမှပဲ လက်ရ ရှင်းနိုင်ခဲ့တာပါ"လို့ MRDA ရဲ့ မုံရွာတပ်ခွဲအဖွဲ့ဝင် တော်လှန်ရေးရဲဘော်က ပြောပါတယ်။
MRDA - မုံရွာတပ်ခွဲ တပ်ဖွဲ့ဝင် UG လူငယ်တွေအနေနဲ့ ဦးသုခကို ရှင်းလင်းရာမှာ အသုံးပြုမယ့် ပစ္စတိုတစ်လက်ကို မိတ်ဖက် UG တွေထံက ငှားရမ်း အသုံးပြုခဲ့ရတာ ဖြစ်ပြီး မြိုပေါ် မစ်ရှင်တွေအတွက် သေနတ်အတို မဝယ်နိုင်သေးလို အကူအညီ လိုအပ်နေတယ်လိုလည်း အဲဒီ ရဲဘော်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီ လက်အောက်ခံ မုံရွာခရိုင် စကစ ကောင်စီဝင်တစ်ယောက်ကို မုံရွာဒေသ မြို့ပြပြောက်ကျား တပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
စစ်အုပ်စုဟာ မုံရွာမြို့ပေါ်မှာ ရပ်ကွက်တွေ၊ လမ်းတွေ ပိတ်ဆို့စစ်ဆေးတာ၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ မြို့ပေါ်မှာ စိတ်ထင်တိုင်း ပစ်ခတ် သတ်-ဖြတ်တာ၊ ဖမ်းဆီးရမိသူတွေကို ညှဉ်းပန်းနှိပ်စက် သတ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #စည်ပင် #ဝန်ထမ်း #MRDA #ပစ်ခတ်