MFP ၊ နိုဝင်ဘာ - ၅
မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ထနောင်တိုင်ရွာ စာသင်ကျောင်းထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုက သက်ငယ်မုဒိန်းမှု ကျူးလွန်တဲ့အတွက် ကျောင်းလာတက်တဲ့ ရှစ်တန်းကျောင်းသူ ကိုယ်ဝန်ရတယ်လို့ မြင်းခြံဒေသ သတင်းတွေ ဖော်ပြနေတဲ့ မြင်းခြံ လူထု လှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။
မြင်းခြံနယ် ထနောင်းတိုင်ရွာ စာသင်ကျောင်းမှာ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုဟာ လွန်ခဲ့တဲ့ တစ်ပါတ်ကျော်ကတည်းက ရွာက ပြန်ထွက်သွားပြီ ဖြစ်ပြီး သက်ငယ်မုဒိန်းမှု ကျူးလါန်ခံရတာ မိခင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက သိပေမယ့် စစ်အုပ်စုကို မပြောရဲဘူးလို့ ဆိုပါတယ်။
"ထနောင်းတိုင်ရွာ စာသင်ကျောင်း တပ်စွဲနေတဲ့ စခလက်ချက်နဲ့ ကျောင်းတက်နေတဲ့ ရှစ်တန်းကျောင်းသူတစ်ဦး ကိုယ်ဝန်ရနေ။ မိဘတွေက ကြောက်ပြီး မပြောရဲ ဖြစ်နေပြီး ထနောင်းတိုင် စကစခန့် အုပ်ကြီးလည်း စခတွေကို မပြောရဲဘူး ဖြစ်နေတယ်လို့ သိရ။ ထနောင်းတိုင် စာသင်ကျောင်းမှာ တပ်စွဲတဲ့ စခတွေ တပ်ရုတ်တာ တပတ်ခန့်ကြာပြီဖြစ်" လို့ မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကလည်း နိုဝင်ဘာ(၂)ရက်က အသက်မပြည့်သေးသူ အပါအဝင် ဒေသခံ မိန်းကလေးငယ် နှစ်ဦးကို လက်နက်ပြ ခြိမ်းခြောက်ပြီး မဖွယ်မရာ ပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြင်းခြံ #ထနောင်းတိုင် #ကျောင်းသူ
မြင်းခြံ ထနောင်းတိုင်ရွာမှာ စစ်အုပ်စုက သက်ငယ်မုဒိန်းမှု ကျူးလွန်လို့ ရှစ်တန်းကျောင်းသူ ကိုယ်ဝန်ရဟုဆို၊ မိဘနဲ့ ရွာအုပ်ကြီးက မပြောရဲဘဲ စစ်အုပ်စု ရွာက ပြန်ထွက်သွားဟုဆို၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024