ဝက်လက် တောကြီးမြွေပွေးတပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ (T-V2) တာဝေးပစ် လက်နက်ကြီး မိတ်ဆက်ပြသ၊

ဝက်လက် တောကြီးမြွေပွေးတပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ (T-V2) တာဝေးပစ် လက်နက်ကြီး မိတ်ဆက်ပြသ၊

MFP ၊ စက်တင်ဘာ - ၂၁

စစ်ကိုင်းတိုင်း ဝက်လက်နယ် အခြေပြု တောကြီးမြွေပွေးတပ်ဖွဲ့က ကိုယ်တိုင် ထုတ်လုပ် အောင်မြင်ထားတဲ့ (T-V2) လို့ နာမည်ပေးထားတဲ့ တာဝေးပစ် လက်နက်ကြီးကို မိတ်ဆက် ပြသပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဧရာဝတီမြစ် ရေလည်ကျွန်းတိုက်ပွဲမှာ အဲ့ဒီ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ တောကြီးမြွေပွေးတပ်ဖွဲ့ မှ ထုတ်လုပ် အောင်မြင်ထားတဲ့ (T-V2) လို့ ကိုယ်ပိုင်နာမည်ပေးထားတဲ့ တာဝေးပစ် လက်နက်ကြီး တစ်ခု ဖြစ်ပါတယ်ခဗျ။ (၅၀၀ မမ) လို့ အမည်ပေးထားတဲ့ လက်နက်ကြီးကို ဇူလိုင်(၂၈)ရက်က စဉ့်ကိုင် - ရေလယ်ကျွန်းပွဲမှာ ထိရောက်စွာ ပစ်ခက် အသုံးပြုနိုင်ခဲ့ပါတယ်။ ယခု ထုတ်လုပ်ထားတဲ့ လက်နက်ကြီး ကို အများပြား ထိရောက်စွာ ပစ်ခက်နိုင်ဖို့ ပြည်သူများ ကူညီထောက်ပံ့ပေးရန် အကူအညီ တောင်းခံအပ်ပါတယ်ခဗျ။ ခဲယမ်းလက်နက်များ ဝယ်ယူခြင်း၊ ထုတ်လုပ်ရေးမှာ စမ်းသပ်မှုများ ပြုလုပ်နေခြင်းကြောင့် ယခုအချိန်မှာ ငွေကြေးအခက်ခဲကြောင့် ထုတ်လုပ်ရေးကို ရပ်နားထားရပါတယ်ခဗျ။ ယခုအချိန်မှာ ကျွန်တော်တို့အဖွဲ့မှာ ငွေကြေးအခက်ခဲများစွာ ရှိနေပါတယ်ခဗျ” လို့ တောကြီးမြွေပွေး အဖွဲ့ ခေါင်းဆောင် ဗိုလ်တီ က ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #တောကြီးမြွေပွေး #လက်နက်ကြီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ