သပိတ်ကျင်းမှာ ရွှေတူးတဲ့ ကုမ္မဏီက ငွေပေးခိုင်းစေလို့ ပြည်သူကို ရန်ပြုဖို့ လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနှင့် ယဉ်မောင်းစစ်သားတို့ သေပြီး သေနတ်သုံးလက် သိမ်းဆည်း ရရှိ၊ ဒီမနက် စစ်ကြောင်းထိုးဖို့ လာတဲ့ စစ်အုပ်စုကို မို

သပိတ်ကျင်းမှာ ရွှေတူးတဲ့ ကုမ္မဏီက ငွေပေးခိုင်းစေလို့ ပြည်သူကို ရန်ပြုဖို့ လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနှင့် ယဉ်မောင်းစစ်သားတို့ သေပြီး သေနတ်သုံးလက် သိမ်းဆည်း ရရှိ၊ ဒီမနက် စစ်ကြောင်းထိုးဖို့ လာတဲ့ စစ်အုပ်စုကို မို

MFP ၊ စက်တင်ဘာ - ၁၉

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာအနီးမှာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ ကုမ္မဏီက ငွေပေးပြီး ခိုင်းစေတာကြောင့် ဒေသခံပြည်သူတွေကို ရန်ပြုဖို့ လာရောက်တဲ့ စစ်အုပ်စုကို မနေ့က ညနေပိုင်း ဒေသကာကွယ်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက် သေပြီး သေနတ် သုံးလက် သိမ်းဆည်း ရရှိတယ်လို့ သပိတ်ကျင်း ဗိုလ်လင်းယုန် တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၈)ရက် ညနေ(၅)နာရီကျော်က သပိတ်ကျင်းနယ် ချောင်းကြီးရွာ အရှေ့ဘက်က မီးလမ်း ရွှေလုပ်ကွက်ဘက် ကားနဲ့ လာတဲ့ သပိတ်ကျင်း တန်းမြင့်လေးကျင့်ရေး (၁၃တပ်) လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦး နဲ့ အဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအရှေ့ဘက် မီးလမ်းရွှေလုပ်ကွက် အနီးတွင် စက်တင်ဘာ(၁၈)ရက် ညနေ(၅)နာရီခွဲအချိန် ရွှေစုစုသန်း ကုမ္ပဏီမှ စွန့်ပစ်ထားသော ပစ်စာများအား ရွာသူရွာသားများမှ ကျုံးယူနေသည်ကို ကုမ္ပဏီမှ ငွေပေး၍ ခြိမ်းခြောက်မောင်းထုတ်ရန် ခေါ်ထားသော တန်းမြင့်လေးကျင့်ရေး ( ၁၃ တပ် ) လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနှင့် ယဉ်မောင်းစစ်သားတစ်ဦးတို့ လိုက်ပါလာသော ကားအား ကျွန်ုပ်တို့ သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန် ကာကွယ်ရေးတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ကားရောလူပါ ဇကာပေါက်ဖြစ်၍ ကိစ္စချောသွားစေခဲ့သည်။ ၎င်းမစ်ရှင်တွင် MA-3 သေနတ်နှစ်လက်၊ MA- 1 သေနတ်တစ်လက်၊ 5.56 ကျည် (၄၁၃ တောင့်)၊ 9 မမ ကျည် (၁၃ တောင့်)၊ အီနာဂါဗုံးသီး (၈ လုံး)နှင့် 5.56 ကျည်ဘောက်(၂ ခု) တို့အားသိမ်းဆည်းရမိခဲ့ပါသည်။သို့သော်လည်း ဗိုလ်လင်းယုန်ကာကွယ်ရေးအဖွဲ့သားများ၏ ပြင်းထန်လွန်းသော တော်လှန်ရေးစိတ်ဓာတ်ကြောင့် MA-3 သေနတ်တစ်လက်နှင့် MA-1 တစ်လက်မှာ ကျည်ဆံထိမှန်၍ ချို့ယွင်းခဲ့ရသည်” လို့ ဗိုလ်လင်းယုန် ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

ဒီမနက်ပိုင် (၇)နာရီခွဲမှာ စဉ့်ကူးမြို့ကနေ ဖောကားနှစ်စီးနဲ့ စစ်ကြောင်းထိုးဖို့ တက်လာတဲ့ စစ်အုပ်စုကိုလည်း ထောက်ကြံ့ကျေးရွာနှင့် ကျွဲဘုံးကျေးရွာကြားမှာ ပဒေသာမိုင်း (၁၀)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခ ရှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက်ကို သု-တ်-သင်ပြီး သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ/Photo - ဗိုလ်လင်းယုန် တပ်ဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #ရွှေလုပ်ကွက် #ဗိုလ်လင်းယုန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ