စစ်ကြောရေးစခန်း ရှိတဲ့ မန္တလေး နန်းတွင်းထဲမှာ လပခ နှစ်(၅၀)ပြည့် ဆိုပြီး စစ်အုပ်စုက ပျော်ပွဲရွှင်ပွဲ လုပ်၊

စစ်ကြောရေးစခန်း ရှိတဲ့ မန္တလေး နန်းတွင်းထဲမှာ လပခ နှစ်(၅၀)ပြည့် ဆိုပြီး စစ်အုပ်စုက ပျော်ပွဲရွှင်ပွဲ လုပ်၊

MFP ၊ သြဂုတ် - ၈

မန္တလေးက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး ထင်တိုင်းကျဲ ညှဉ်းပန်း နှိပ်စက် သ-တ်-ဖြတ်တာတွေ ကျူးလွန်နေတဲ့ စစ်ကြောရေးစခန်း ရှိရာ မန္တလေးနန်းတွင်းထဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) နှစ်(၅၀)ပြည့် အထိမ်းအမှတ် ဆိုပြီး စစ်အုပ်စုက စတိစင်တွေထိုး၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒိနေ့ သြဂုတ်(၈)ရက် ညနေပိုင်းမှာ မန္တလေးနန်းတွင်းထဲက စကစတွေရဲ့ အော်ဟစ်သီဆိုသံတွေ၊ မီးရှူးမီးပန်း ပစ်ဖောက်သံတွကို နန်းမြို့ရိုးအပြင်ဘက် နေသူတွေပါ ကြားသိနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ပထမ ဒုန်ဒုန်းဒိုင်းဒိုင်း အသံတွေကြားတော့ နန်းတွင်းဂိတ်ပေါက်မှာ ပစ်ခတ်မှု ဖြစ်တယ်ထင်တာ။ ပြီးမှ သိရတာက ခွေးတွေ ဗျောက်ဖောက်နေတာ။ တိုင်းမှူးမွေးနေ့ဆိုပြီး ကြားမိတာ ထပ်စုံစမ်းတော့မှ နှစ်ပတ်လည်ပွဲ လုပ်တာတဲ့” လို့ ပြည်သူတွေကို သ-တ်-ဖြတ်နေတဲ့ စစ်အုပ်စုက နန်းတွင်းထဲမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်လို့ ဒေသခံတချို့ သို့လောသို့လော ဖြစ်ရတဲ့ အကြောင်း မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်လော်ဘိတွေက ဖြန့်တဲ့ ပုံတွေမှာတော့ မန္တလေးနန်းတွင်းက ဂေါက်ကွင်းအနီးမှာ စတိတ်စင်တွေဆောက်ပြီး စကစ မိသားစုတွေ သီဆို ကခုန်နေတာ တွေ့ရသလို မီးရှူးမီးပန်း ပစ်ဖောက်နေတာတွေလည်း တွေ့ရပြီး ဒိနေ့ဟာ လပခ တည်ထောင်တဲ့ နှစ်(၅)ပြည့်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းထဲက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြီး မန္တလေးနန်းတွင်း စစ်ကြောရေးမှု ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ မန္တလေး နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံနေရသူ ပြည်သူ ဘယ်နှဦး ရှိတယ်ဆိုတာကိုတော့ မသိရပါဘူး။

May be an image of 1 person, standing and outdoors

စစ်အုပ်စုဟာ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်က စတင်ပြီး သူတို့ ဖမ်းမိသူတွေကို သတင်းအမှောင်ချကာ နန်းတွင်း စစ်ကြောရေးမှာ လနှင့်ချီကာ ထင်တိုင်းကျဲ ဖမ်းဆီး နှိပ်စက် သ-တ်-ဖြတ်ကြောင်းနှင့် အသက်မသေဘဲ တရားစွဲခံရပြီး ထောင်ရောက်လာမှသာ ဘယ်သူတွေ ဖမ်းဆီးခံထားရပြီး အသက်ရှင်နေသေးတယ်ဆိုတာကို သိရတဲ့ အခြေအနေ ဖြစ်တယ်လို့ မန္တလေးက ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

May be an image of 2 people, people standing, balloon and outdoors

စစ်အုပ်စုက ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ သ-တ်-ဖြတ်ရာမှာ အဓိက တာဝန်ရှိသူတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုပြီး လပခ တိုင်းမှူး ကိုကိုဦးကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။

May be an image of 5 people, people standing and grass

လပခ နှစ်(၅၀)ပြည့်ဆိုပြီး စစ်ကြောရေးစခန်းရှိတဲ့ မန္တလေး နန်းတွင်းထဲမှာ စကစတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နန်းတွင်း #စစ်ကြောရေး #လပခ #ပျော်ပွဲရွှင်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ