ကျေးရွာ(၃၀)ကျော်က ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ မည်ကာမတ္တ ဆေးခန်း

ကျေးရွာ(၃၀)ကျော်က ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ မည်ကာမတ္တ ဆေးခန်း

MFP ၊ နိုဝင်ဘာ - ၁

စစ်ကိုင်းတိုင်း ဝက်လက်နယ်မှာ ကျေးရွာ (၃၀)ကျော်က ပြည်သူတွေ အားကိုးအားထား ပြုနေရတဲ့ ဆေးခန်းလေး တစ်ခု ရှိပါတယ်။

ဆေးခန်းလို့ ဆိုပေမယ့် မည်ကာမတ္တ ဆေးခန်းလေးသာ ဖြစ်ပြီး နေအိမ်တစ်လုံးရဲ့ နောက်ဖေကမီးဖိုချောင်နဲ့ တွဲလျှက် အခန်းလေးမှာ ကုတင်လေးတစ်လုံးချ၊ စားပွဲလေးတစ်လုံးချ၊ အောက်ဆီဂျင်အိုးလေး တစ်လုံးထောင်ပြီး တစ်ဦးတည်းသော ဆရာမကြီးက လာသမျှ လူနာကို ဆေးဝါးကုသပေးတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေအတွက် ဆေးခန်းရှိဖို့ မဖြစ်မနေ လိုအပ်တာကြောင့် အလှူရှင်တစ်ဦးရဲ့ မတည်လှူဒါန်းမှုနဲ့ ဖွင့်လှစ်ထားတဲ့ အဲ့ဒီဆေးခန်းလေးဟာ သက်တမ်း ခုနှစ်လ ကြာပြီဖြစ်ပြီး မွေးလူနာ (၄၅)ဦးအထိ မီးဖွားပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

မွေးလူနာတွေ၊ ဒေသခံပြည်သူတွေသာမက စစ်အုပ်စုက ရွာစဉ်ပတ်မွှေချိန်မှာ ထိခိုက်ဒဏ်ရာရသူတွေ၊ ဒေသကာကွယ်ရေး ရဲဘော်တွေပါ အဲ့ဒီဆေးခန်းလေးကို အားကိုးအားထား ပြုနေရပေမယ့် စစ်အုပ်စု ရန်ကြောင့် ခိုးကြောင်ခိုးဝှက် အနေနဲ့သာ ဖွင့်လှစ်ထားရတယ်လို့ ဆိုပါတယ်။

ဆေးခန်းအတွက် ဆေးဝါးပစ္စည်းနဲ့ အလှူငွေတွေလည်း လိုအပ်နေတယ်လို့ ဆေးခန်းကို ကြီးကြပ်နေတဲ့ Eagle Guerrilla Force တပ်ခွဲ (၁) က တပ်ရင်းမှူး ကိုကောက်ရိုးက ပြောပါတယ်။

ဝက်လက်နယ်က မည်ကာမတ္တ ဆေးခန်းလေးအကြောင်း ကိုကောက်ရိုးကို MFP က ဆက်သွယ်မေးမြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ဝက်လက် #ဆေးခန်း