တိတ်တဆိတ် ထွန်းလင်းပြီး ကြွေလွင့်သွားတဲ့ ကြယ် (သို့မဟုတ်) DGF တည်ထောင်သူ အညာမြေက တော်လှန်ရေးသမား ကိုလှမင်းနိုင်

တိတ်တဆိတ် ထွန်းလင်းပြီး ကြွေလွင့်သွားတဲ့ ကြယ် (သို့မဟုတ်) DGF တည်ထောင်သူ အညာမြေက တော်လှန်ရေးသမား ကိုလှမင်းနိုင်

သက်တန့်/MFP တင်ဆက်သည်။

ဖက်ဆစ်တပ်ကို အမြစ်ပြတ် ချေမှုန်းပြီး ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်ရေး ရည်မျှော်ကာ တိုက်ပွဲဝင်ရင်း နွေဦးတော်လှန်ရေးမှာ လူမသိ၊ သူမသိ ကျဆုံးသွားကြတဲ့ အညတြ ရဲဘော်တွေ ထောင်နှင့်ချီကာ အများအပြား ရှိနေပါတယ်။ အဲဒီအထဲမှာ ကိုလှမင်းနိုင် လည်း ပါဝင်ပါတယ်။

ချင်းတွင်းမြစ်ရိုး၊ အညာဒေသရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေအကြောင်း ပြန်ပြောကြရင် ကိုလှမင်းနိုင်ကို ချန်ထားခဲ့လို့ မရပါဘူး။ မိတ်ရင်းဆွေရင်းဖြစ်တဲ့ ကဗျာဆရာ ကေဇဝင်း အပါအဝင် လူထုသပိတ်မှာ ပါဝင်သူတွေကို စစ်အုပ်စုက ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ကိုလှမင်းနိုင်က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ရိုး၊ ယင်းမာပင်၊ ကနီနယ်တကြော အစောဆုံး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်သူ ဖြစ်ခဲ့သလို နွေဦးတော်လှန်ရေး အစောပိုင်းကာလ အခြေခံ စစ်သင်တန်း လေ့ကျင့်ရေး စခန်းတွေ ဖွင့်လှစ်ပြီး လူငယ်တွေကို စစ်ပညာ သင်ကြား ပေးခဲ့သူတွေထဲမှာလည်း ကိုလှမင်းနိုင် ပါဝင်ခဲ့ပါတယ်။

DGF လို့ အတိုကောက်ခေါ်တဲ့ Democratic Guerilla Force (အောက်ချင်းတွင်း) တပ်ဖွဲရဲ့ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်တဲ့ ကိုလှမင်းနိုင်ဟာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ပထမဆုံး လက်နက်ကိုင်တိုက်ပွဲ စတင်ခဲ့တဲ့ သပြေအေး ရွာသားတစ်ဦးလည်း ဖြစ်ပါတယ်။

အသက်(၃၀)ကျော်အရွယ် ရဲဘော်သူရ လို့ခေါ်တဲ့ ကိုလှမင်းနိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ကနီနယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း အခြားသော တော်လှန်ရေး ရဲဘော် ခြောက်ဦးနှင့်အတူ ကျဆုံး ခဲ့ပါတယ်။

စစ်အာဏာ မသိမ်းခင်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းစမှာ လူထုသပိတ်ခေါင်းဆောင် အဖြစ်ကနေ ကျဆုံးချိန်မှာ တော်လှန်ရေး ရဲဘော်တစ်ဦး ဖြစ်ခဲ့တဲ့ ကိုလှမင်းနိုင် အကြောင်းကို MFP က တင်ဆက်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #DGF #ချင်းတွင်း #ကိုလှမင်းနိုင် #ရဲဘော်သူရ