NUG သမ္မတ ၊ ဦးမင်းကိုနိုင်နှင့် ဒေါက်တာ တေဇာစန်း တို့က ရက်(၆၀၀)ပြည့် ကလေးမြို့ လူထုသပိတ်ကို ဂုဏ်ပြု အမှတ်တရ စကား ပြောကြား၊

NUG သမ္မတ ၊ ဦးမင်းကိုနိုင်နှင့် ဒေါက်တာ တေဇာစန်း တို့က ရက်(၆၀၀)ပြည့် ကလေးမြို့ လူထုသပိတ်ကို ဂုဏ်ပြု အမှတ်တရ စကား ပြောကြား၊

MFP ၊ စက်တင်ဘာ - ၃၀

စစ်အာဏာရှင် အလိုမရှိကြောင်း ရက်ပေါင်း (၆၀၀) ပြည့်မြောက်သည်အထိ နေ့စဉ်မပျက် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေတဲ့ "ကလေးမြို့ ပင်မသပိတ် အင်အားစု" ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီ သမ္မတ ဒူဝါလရှိလ၊ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် နှင့် မန္တလေး လူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း တို့က ရုပ်သံကတဆင့် ဂုဏ်ပြု အမှတ်တရ စကား ပြောကြားခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ဥပဒေမဲ့ အကြမ်းဖက် သတ်-ဖြတ်မှုတွေကြား ကလေးမြို့လူထုသပိတ်ဟာ စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်မပျက် ချီတက်ဆန္ဒပြနေပြီး မနေ့က စက်တင်ဘာ(၂၉)ရက်မှာ ဆန္ဒပြမှု ရက်(၆၀၀) ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

"ကလေးမြို့ပင်မသပိတ်အင်အားစု" နေ့စဉ် ချီတက် ဆန္ဒပြမှု ရက်(၆၀၀)ပြည့် အခမ်းအနားမှာ တော်လှန်ရေးကာလအတွင်း ကျဆုံးသွားတဲ့ အာဇာနည်များအား အလေးပြု ဂုဏ်ပြုခြင်း၊ ယ‌နေ့အထိ CDM တိုက်ပွဲမှာ မားမားမတ်မတ် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ဝန်းများအပေါ် လက်ခုပ်တီး ဂုဏ်ပြုခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့ ပင်မသပိတ် အင်အားစု အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးသည်အထိ ဆက်လက် ဆန္ဒပြတောင်းဆိုမယ်လို့ ဆိုပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #လူထုသပိတ်

#NUG #သမ္မတ #ဒူဝါလရှီလ #မင်းကိုနိုင် #တေဇာစန်း