စစ်အုပ်စုရဲ့ ကြေးနီတင် ကွန်တိန်နာကားကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်၊

စစ်အုပ်စုရဲ့ ကြေးနီတင် ကွန်တိန်နာကားကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်၊

MFP ၊ သြဂုတ် - ၂၈

စစ်ကိုင်း - မုံရွာလမ်း၊ မြင်းမူနယ်ထဲမှာ ဒီနေ့ နေ့လည်ပိုင်းက စစ်အုပ်စုရဲ့ ကြေးနီတင် ကွန်တိန်နာ ကားတွေကို ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၂၈)ရက် နေ့လည်(၂)နာရီကျော်က တရုတ်ဝမ်ပေါင် ကုမ္ပဏီထဲကနေ ကြေးနီတွေ တင်လာပြီး မုံရွာကနေ စစ်ကိုင်းဘက်သွားတဲ့ စစ်အုပ်စုရဲ့ ကွန်တိန်နာကား ခုနှစ်စီးကို မြင်းမူနယ်၊ အလ္လကပ္ပကျေးရွာ နှင့် ဝမ်းပြည့် ကျေးရွာ ကြားမှာ ပဒေသာမိုင်း သုံးလုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပဒေသာမိုင်း သုံးလုံးတွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ ၎င်းယာဉ်တန်းမှ ငါးစီးမြောက်ကား၏ ဖင်ပိုင်း နှင့် ခြောက်စီးမြောက်ကား၏ ခေါင်းပိုင်းတို့အား ထိထိမိမိ ထိမှန်ခဲ့ပါသည်” လို့ Black Eagle Defence Force – MMU က ဖော်ပြပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) က ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM၊ တို့ ညီနောင် မဟာမိတ် ငါးဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြင်းမူ #မြောင် #ကြေးနီတင်ကား